Aug 19, 2024
ပစ္စုပ္ပန်တွင် မိမိတို့ရှင်သန်နေထိုင်ကြရသည့် ကမ္ဘာကြီးသည် အမျက်ဒေါသတို့ တောက်လောင်ပိတ်ဖုံးနေသည့်ကမ္ဘာဟုပင် ထင်စရာဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာတစ်ခွင်လုံးအထိ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှတို့မှာ ဒေါသတို့ဖြင့် ကြမ်းတမ်းခက်ထန်နေသည်။ အမျက်ဒေါသဟူသည် သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို စင်စစ်ပြုတတ်သော ရန်သူစစ်စစ်ဖြစ်၏ဟု ဒေါသကထာတွင် ဖွင့်ဆိုထားသည်။ ကမ္ဘာပျက်သောအခါ တောက်လောင်သော ကမ္ဘာဖျက်မီးသည် ပူပန်လှ၏ဟုဆိုသည့်တိုင် ဒေါသတည်း ဟူသောမီးမှာမူ ကမ္ဘာဖျက်မီးမျှမက သာလွန်၍ ပူပန်စေတတ်သည်ဟုလည်း ဆိုသည်။
Aug 18, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦးမောင်းနှင်ပြီး အောင်ဇော်ထွေးလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ်နှင့် သက်ခိုင်ထွေးမောင်းနှင်ပြီး အောင်ဇေလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာအားလည်းကောင်း၊
Aug 18, 2024
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားလျက်ရှိသဖြင့် လျော့နည်းကျဆင်းရန်အတွက် ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီအရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေးစီမံဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။
Aug 18, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ဘုရားကြီးမြို့အဝင်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မျိုးဘဲဖြန့်ဖြူးရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန် ခံက မျိုးမြှင့်ဥစားဘဲ မိဘမျိုးများမွေးမြူထားရှိမှု၊ မလေးရှားကာကီကမ်း ဘဲလ်(PS) ဥစားဘဲမျိုး သားပေါက်များထုတ်လုပ်၍ ဒေသနေဘဲမွေး တောင်သူများကို (F-1) အဆင့် ဥစားဘဲမျိုးသား ပေါက်များ ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
Aug 18, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 18, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၈၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည် အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနွေးဓာတ်ဘူး ၂၉၉ လုံး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၅၀၀၀ ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၆၅၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 18, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသူများ ကဗျာလွတ်အကလေ့ကျင့်နေမှု၊ Language Lab၊ ဓာတုဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ဇီဝဗေဒလက်တွေ့ခန်းများတွင် လက်တွေ့သင်ယူ လေ့ကျင့်နေကြသည့် ကျောင်းသားကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Aug 18, 2024
အာဆီယံ-တရုတ်စင်တာနှင့် ရှန်းရှီးပြည်နယ်အစိုးရတို့ ပူးပေါင်းကျင်းပသည့် အာဆီယံ-တရုတ် ရက်သတ္တပတ်-၂၀၂၄ နှင့်ဆက်စပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ်အတွင်းရှိ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် စီးပွားရေးလုပ်ငန်းများ လေ့လာ ရေးခရီးစဉ်ကို သြဂုတ် ၁၃ ရက်မှ ၁၅ ရက်အထိ ဆက်လက်ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Aug 18, 2024
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
Aug 18, 2024
ကယားပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပုံမှန်အတိုင်း အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ပြည်နယ်အတွင်းတက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာဆရာမဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်သည်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 18, 2024
(၄၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့တွင် ငါးရှဉ့်မျိုးစိတ် (Monopterus albus, Swamp eel) ကို ဟော်မုန်းဆေးများဖြင့် ဆေးထိုး သားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးရာ အခမ်းအနားသို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးပညာရှင်များ၊ သုတေသီများ၊ ပုဗ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။
Aug 18, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Shan International Co,Ltd ငါးအအေး ခန်းစက်ရုံ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
Aug 18, 2024
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Aug 18, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့ အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
Aug 18, 2024
ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံ သမိုင်းပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ အခြေခံပညာနှင့် တက္ကသိုလ်အဆင့်တို့တွင် တက်ရောက်ပညာ သင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီးများတက်ရောက်သည်။
Aug 18, 2024
အိန္ဒိယနိုင်ငံအစိုးရက ယနေ့တွင် 3rd voice of Global South Summit ညီလာခံကို “An Empo-wered Global South for a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီ Shri Narendra Modi တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အဆိုပါညီလာခံ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို “One World, One Health” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားသည်။
Aug 18, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့သည် ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်သည်။
Aug 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ ကူဘင်ကာဒေသတွင်ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (International Military Technical Forum)(ARMY-2024) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံရုံးမှစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Aug 18, 2024
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်အမျိုးမျိုး စုပြုံတန်းစီတိုးနေသည့် မြင်ကွင်းများကို နေ့စဉ်တွေ့မြင်နေရသည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ထိုကဲ့သို့ စုပြုံတန်းစီသည့်အဖြစ်မျိုး ရှိခဲ့ဖူးသည်။ မော်တော်ယာဉ်ကြီးငယ်အမျိုးမျိုး သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင်ရှိနေပြီး အခြားမြို့ကြီးများတွင်လည်း ယာဉ်အမြောက်အမြားရှိနေသဖြင့် စက်သုံးဆီကိစ္စသာမက ယာဉ်နှင့်လမ်းဆိုင်ရာတို့တွင်ပါ စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။
Aug 18, 2024
(၁၀) နှစ်လျှင်တစ်ကြိမ်ကောက်ယူရမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော်ခန့်သာ အချိန်ကျန်ရှိနေပြီဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁) ကြိုတင်ပြင်ဆင်ခြင်း၊ (၂) စာရင်း ကောက်ယူခြင်း၊ (၃) စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်း၊ (၄) အစီအရင်ခံစာထုတ်ပြန်ခြင်းဟူသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ လပေါင်းများစွာဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများပြီးဆုံးရန် နီးကပ်လာချိန်ဖြစ်သည်။
