Skip to main content

Aug 16, 2024

​​​​​​​လူ့ဘဝဟူသည် ဆယ်စုနှစ်အနည်းငယ်မျှသော ကာလအပိုင်း အခြားလေးတစ်ခုသာ ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လူဖြစ်လာသူတစ်ဦးသည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံနီးနီးကို စာပေ၊ အတတ်ပညာစသည်တို့ သင်ကြားရန်အတွက် မဖြစ်မနေအသုံးပြုကြရသည်။ ဆက်လက်ရှင်သန်ရမည့်ဘဝအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပညာသင်ကြားကြရခြင်းဖြစ်သည်။ မိမိတို့အလေးအနက်သတိပြုကြရမည်မှာ အခြေခံပညာ၊ အဆင့်မြင့်ပညာ စသည်ဖြင့် ကျောင်းပညာများ သင်ယူကြခြင်းသည် လေ့လာသင်ယူစရာများပြားလှသည့် လူ့ဘဝတစ်သက်တာ၏ အစသာလျှင်ဖြစ်ပြီး ဆက်လက်၍ လေ့လာသင်ယူနေ ကြရဦးမည်ဟူ၍ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ၁၅-၈-၂၀၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာမွန်းကိုးဝီစစ်စတန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာတို့ကို ဩဂုတ် ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကား ၂ စီးဖြင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ယနေ့နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) သည် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်ပင်သာနှင့် ဖြူးဘူတာအကြားအဆန်လမ်းမိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့်ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89) လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁%)ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးဌာနခွဲတာဝန်ခံတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ခရစ်နှစ် ၁၅၁၀ တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်း စင်တံခါးအနီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ်ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့် မြို့ရိုးနေရာကို ကြည့်ရှုစစ်ဆေးပြီး မြို့ရိုး၏အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ အမှုဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များကို နည်းပညာလွှဲပြောင်းမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် စုပြုံတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များအပြင် တန်းစီဝယ်ယူမှုနည်းပါးသည့် အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့်ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

သီးနှံအကြွင်းအကျန်များကို အသုံးချ၍ မှိုစိုက်ပျိုးမွေးမြူခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ Veterans Confederation of ASEAN Countries (VECONAC)၏ ချီးကျူးဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

၁။ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် “အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဈ)တွင် “အလုပ်သမားများအား ပြည်ပသို့မထွက်ခွာမီ စုံစမ်းစစ်ဆေး၍ အဖွဲ့ငယ်၏စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်းတွေ့ရှိပါက ပိတ်ပင်ခြင်း”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2024

လူငယ်များအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေး၊ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းကို တည်ထောင်နိုင်စေရေး ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက စတင်ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်