Aug 08, 2024
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
Aug 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 08, 2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးသည့် အင်းမကျေးရွာရှိ သုခဖြိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် မိုးစပါးစိုက်ဧက ၁၀၀ အတွက် စိုက်ပျိုးစရိတ် ပံ့ပိုးငွေကျပ်သိန်း ၂၀၀ အား ပံ့ပိုးပေးအပ်ခဲ့သည်။
Aug 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ဗုဒ္ဓဟူးနေ့များ၌ ကျင်းပလျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် (၃၆) ကြိမ်မြောက်ကျင်းပရာ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ အစေ့ထုတ်ပြောင်းသီးနှံကျွမ်းကျင်သူများက “အစေ့ထုတ်ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
Aug 08, 2024
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုရန် ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ဆက်လက်ကျင်းပသည်။
Aug 08, 2024
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန် (Mr. Mongkol Visitstump) ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
Aug 08, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme - UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Titon Mitra နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer နှင့် အဖွဲ့တို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Aug 08, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Titon Mitra ကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 08, 2024
အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Aug 08, 2024
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်ကြသည်။
Aug 08, 2024
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၇) နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့လျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာ့ရေးရာဖြစ်ပေါ်တိုးတက်မှုများအကြား အာဆီယံအသင်းကြီး ပိုမိုခိုင်မာတိုးတက်အောင်မြင်ပါစေကြောင်းနှင့် အာဆီယံပြည်သူများ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သာယာဝပြောကြပါစေကြောင်းလည်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။
Aug 08, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့် ဝါသီနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေးတို့သည် နိုင်ငံအတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများသည် နိုင်ငံအတွက်အကျိုးရှိသဖြင့် လက်ရှိကာလတွင်တွန်းအားပေး၍ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်ကတိုက်တွန်းနှိုးဆော်လျက်ရှိသည်။
Aug 08, 2024
‘‘မြန်မာဘယ်ကစ ’’ ဟူသည့် ခေတ်ဦးမြန်မာ့သမိုင်းနှင့်စပ်လျဉ်း၍ ငြင်းချက်နှစ်ခုရှိသည်။ တစ်ခုက မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့်တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍ဖြစ်ပြီး နောက်တစ်ခုကမူ မြန်မာတို့သည်အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်းဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့်လေ့လာမည်ဆိုပါက ပုဂံခေတ် အနော်ရထာမင်းမတိုင်မီ မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက်များဖြင့် ပြည့်နှက်နေသည်။
Aug 07, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။
Aug 07, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 07, 2024
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာကို ဩဂုတ် ၆ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
Aug 07, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့အား ဇူလိုင်လအတွင်း တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 07, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
