Skip to main content

Aug 07, 2024

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁ နာရီက ရုံးအမှတ် (၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက In-Person ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပပညာရှင်များ၏ သုတေသနပြု‌ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံရေးသားနိုင်ရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ)ကို ယနေ့မှ ဩဂုတ် ၇ ရက်အထိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် UNICEF ၊ WHO အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် “ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိသည့် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ ပြန်လည်တင်ပြခြင်း အစည်းအဝေး” ကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) နေပြည်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးကူညီလျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဒေါ်ဝင်းနွယ်၏ (RS-CS) ဆင်းသုခစီးပွားဖြစ် မျိုးသန့်မျိုးပွား၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာ တောင်သူ ဦးယဉ်ထွေး၏ ဆင်းသုခစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ဒေသခံတောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ်သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့် ၂၅ ကီလို ဂရမ်ပါ ၄၄ အိတ်စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ (အမှတ်-၂) ဖော်ယာဇီရွာ အနောက်ဘက်ကန်စည်းရိုးနားရှိ ပုစွန်ကန်ပေါင်တွင် AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီလူမျိုးများ၊ ကလေးငယ်များအပါအဝင် လူအစုလိုက်အပြုံလိုက်ကို လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်။ ထို့ပြင် ဘင်္ဂါလီအမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒိုက်ဦး - ညောင်ခါးရှည် ဗျူဟာလမ်းဘေးဝဲယာနှင့် ကောလိယ - နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံမြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော် - ပလိုင်းဖြတ်မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်၍ အချို့လူနာများအား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူမဆန်သော ရက်စက်ယုတ်မာသည့် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မြို့တော်ခန်းမရှေ့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့ရှိ ဗန္ဓုလကျောက်တိုင်ကားရပ်နားကွင်း၌လည်းကောင်း ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

၁။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃)တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့်ရှိသည်” ဟု ဖော်ပြထားရှိပါသည်။ အသက်ရှင်သန်ခွင့်သည် လူသားအားလုံး၏ မွေးရာပါ ရရှိခံစားခွင့်ရှိသော အရေးကြီးသည့် မူလအခြေခံအခွင့်အရေးဖြစ်ပြီး မည်သည့်အခြေအနေ၊ အချိန်အခါတွင်မဆို မည်သည့်အကြောင်းရင်းနှင့်မျှ ဖယ်ရှားနုတ်ပယ်၍မရသော အခွင့်အရေးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

တရားလွှတ်တော်‌ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၄ ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်‌ရှေ့နေများ ကောင်စီရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပေးနေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး (Country Director) နှင့် ကိုယ်စားလှယ် (Representative) အသစ် Ms. Sara Austin Netzer က ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံ၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေကိုကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲကို မကျေနပ်သည့် အစွန်းရောက်နိုင်ငံရေးသမားအချို့၏ ဦးဆောင်မှု၊ စည်းရုံးမှု၊ အားပေးမှု၊ ထောက်ပံ့ကူညီမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့ထံတွင် စစ်သင်တန်းများ၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2024

မြန်မာတို့ ဝါစိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်ထည်ရက်လုပ်မှုတို့က တစ်ခန်းတစ်ကဏ္ဍပါဝင်လျက်ရှိသည်။ ဝါကို ပြည်တွင်း၌ သုံးစွဲရုံမျှမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ရာ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းလက်ထက်တွင် ဝါသည်တော်ဝင်သီးနှံဖြစ်ခဲ့ပြီး ပြည်ပတင်ပို့မှုကို တစ်ဦးတည်းချုပ်ကိုင်သည့်စနစ် ကျင့်သုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်