Aug 10, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက် ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။
Aug 10, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Aug 10, 2024
(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
Aug 10, 2024
မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ဆောင်ရွက်သည်။
Aug 10, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာ၌ ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Aug 10, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖိတ်ကြား၍ နိုင်ငံတော်၏ ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁)ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 10, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လျှိုပိတ်ဆည်အတွင်း သို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ကြသည်။
Aug 10, 2024
ထိုင်းနိုင်ငံရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှ ပြန်လည်လွှဲပြောင်းပေးခဲ့ သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ စစ်သားစုဆောင်းရန် ခေါ်ဆောင်သွားကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 10, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မြို့တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ ပြုလုပ်သည်။
Aug 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ် ဝါဇီအခြေခံပညာအထက်တန်းကျောင်းနှင့် လမ်းရွာအလယ်တန်းကျောင်းတို့ကို ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ လူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ အသိပညာအတတ်ပညာပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရေးနှင့် ဘဝတစ်လျှောက်လုံး စာပေဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးမှာကြားသည်။
Aug 10, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်H.E. Mr. Ajman Bin Haji Meludin ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ဩဂုတ် ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့တက်ရောက်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
Aug 10, 2024
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 10, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 10, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Aug 10, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 10, 2024
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာ စကားပြောကြားသည်။
Aug 10, 2024
ဘေးဒုက္ခသင့်နေသော နေရာဒေသများမှ ပြည်သူများ၏ ဘဝအခြေအနေများနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြရသော ပြည်သူများ၏ ဘဝအခြေအနေများမှာ သိသာစွာကွာခြားလျက် ရှိသည်။ ယင်းကို ကိုယ်တိုင်ကြုံတွေ့နေကြရသူများနှင့် စာနာကြသူများ နားလည်ကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စစ်ဘေး စစ်ဒဏ် ကြုံတွေ့ကြရသည့် ပြည်သူများနှင့် ရေကြီးရေလျှံသဘာဝဘေး ကြုံတွေ့ကြရသော ပြည်သူများစွာရှိနေသည်။
Aug 10, 2024
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC)က လစဉ်ပြုစုထုတ်ပြန်သည့် ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်ကစပြီး ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှုစာရင်းများ တောက်လျှောက်လျော့နည်းကျဆင်းလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် တို့တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် အသွားအလာများ ကန့်သတ်ခဲ့ခြင်းက လမ်းပေါ် မတော်တဆဖြစ်မှုများအပေါ်တွင်ပါ သက်ရောက်ခဲ့ခြင်းဖြစ်သည်။
Aug 09, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။
