Skip to main content

Jul 06, 2024

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ယခုနှစ်ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့်ဆက်စပ်နေသည့်အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီးလေးသောကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ နိုင်ငံတော်က အသိပေးတင်ပြခဲ့သည့် အထောက်အထားများကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက်အဖွဲ့များ၏ မမှန်ကန်သောအချက်များဖြင့် စွပ်စွဲပြောကြားခြင်းမှာ တရားမျှတမှုမရှိပေ။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

သစ်ပင်သစ်တောများ တည်ရှိခြင်းသည် ရာသီဥတုကို မျှတကောင်းမွန်စေပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေနိုင်ခြင်းနှင့် ရေမြေသဘာဝအနေအထားတို့ကို ထိန်းသိမ်းကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိရာ သစ်တောများ ပြန်လည်တည်ထောင်ရေးအတွက် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်) များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးသင့်ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို TNLA အကြမ်းဖက်သမားများမှ ဇူလိုင်လ ၄ ရက်နေ့က လာရောက်တိုက်ခိုက်စဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် TNLA အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှုခံယူရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာတီမြစ်ရေဝင်မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်များမှရေဝင်အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်ရှိ ရေဝင်အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၀)ဦးအား ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်​ပေးခဲ့​​​ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၁။      မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော South-East Asia Crude Oil Pipeline Company Limited သည် မဒဲကျွန်းရေနံတင်ချဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ (Dredging Project) ကို Trailing Suction Hopper Dredger, REEM ISLAND ဖြင့် ဆောင်ရွက် သွားမည့် ရေလမ်းကြောင်းတူးဖော်မည့်ဧရိယာ Coordinate များ ဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၆ မိနစ် ၄၃.၅၇ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ် ၁၅.၄၃ စက္ကန့်၊

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင် ရေး၊ တစ်နှစ် သုံးသီးစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာ တိုးတက်လာရေး၊ မြစ်ရေတင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ရေချိုအရင်းမြစ်များ ရှာဖွေဖော်ထုတ်၍ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧကတိုးချဲ့ရေးဆိုင်ရာ ကိစ္စပ်များကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ် ဒုတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ချောင်းမကြီးဆည်၏ ရေဝေရေလဲဧရိယာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအဖွဲ့ရုံးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏သားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည်ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆိုင်းဘုတ်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် မြို့တွင်းလမ်းဆုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာစကားဝိုင်းဆွေးနွေးပွဲ (Media Delegations Round Table Meeting) ကို SCO ၏ အောင်မြင်မှုများနှင့် မျှော်လင့်ချက်များကို မီဒီယာရှုထောင့်အမြင် ( SCO: Achievements and Prospects from the perspective of Media) ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ရှိ SCO နိုင်ငံတကာဖလှယ်ရေးနှင့် တရားဥပဒေ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အမျိုးသားသိပ္ပံ (CNISCO: China National Institute for SCO International Exchange and Judicial Cooperation) ၌ ကျင်းပရာ မြန်မာနိုင်ငံအပါအဝင် SCO ၏ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံရှီကျန်းဒေသ၌ကျင်းပသည့် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) သို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ရှီကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ညန်ချီမြို့နှင့် လူလန်မြို့သို့ရောက်ရှိရာ ညန်ချီမြို့ Chinese People’s Political Consultative Conference (CPPCC) ၏ Vice President Mr. Zhu Zhenghui က ကြိုဆို နှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်