Jul 08, 2024
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်မင်းမင်းစိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jul 08, 2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်တို့၏ သားသမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်တို့၏ သားသမီးများ စုစုပေါင်း ၄၀ တို့အား Artillery Gummers Foundation မှ ဇူလိုင် ၆ ရက်တွင် ရန်ကုန်နယ်မြေခံတပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်သည့် အခမ်းအနားကျင်းပသည်။
Jul 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၄ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ ရောက်ရှိပြီး သူကောင်းတည်လျှပ်စစ် မြစ်ရေတင်စီမံကိန်းရေပေးဝေရေးလုပ်ငန်းများနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေစပါးဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ကွက်၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jul 08, 2024
မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jul 08, 2024
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဧကာဒသမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ MELIA Yangon Hotel ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။
Jul 08, 2024
မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ Plenary Hall ၌ ကျင်းပသည်။
Jul 08, 2024
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှကြီးမှူး၍ ၂၀၂၄ ခုနှစ် ရွှေမန်းမောင်မယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တက်ရောက်သည်။
Jul 08, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စတုတ္ထအကြိမ်) ကို ယနေ့နံနက် ၉ နာရီ က တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Jul 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ နောင်နန်း(၈)မိုင် AG အသင်းတော် ၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ကျား/မ ရှပ်အင်္ကျီများ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သည့် ငွေကျပ် ၉၄၃၀၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၀၊ ငါးသေတ္တာလေးဖာ၊ ခေါက်ဆွဲ ခြောက် ၂၄၃ ဖာ၊ ဆီ ၁၀ ပိဿာပုံး ၂၀ နှင့် ရေသန့်ဘူးများ စသည့် အခြေခံစားသောက်ကုန်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ငွေကျပ် ၂၇၆၈၉၀၀ဝ တန်ဖိုးရှိ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သည်။
Jul 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ရောက်ရှိရာ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှုအခြေအနေများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းပေးသည်။
Jul 08, 2024
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် ကောလာဟလသတင်းစကားပေါ်ထွက်လာသဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုမဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော်လိုက်နာသိရှိဆောင်ရွက်ရမည်တို့ကို ပြုလုပ်ပေးလျက်ရှိသည်။
Jul 08, 2024
နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်ကထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် သတင်းအချက်အလက်ရရှိရေးသည် လွန်စွာအရေးပါပြီး မှန်ကန်သည့်သတင်းကို အချိန်မီရရှိနိုင်ရန် လိုအပ်သည့်အလျောက် တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကို သက်ဆိုင်ရာက ဖိတ်ခေါ်လျက်ရှိပြီး သတင်းပေးဆုကြေးငွေများကိုလည်း ချီးမြှင့်လျက်ရှိသည်။
Jul 07, 2024
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Qingdao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပသည့် မြန်မာ- တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jul 07, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇွန် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 07, 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မှ စိန့်မာတင်ကျွန်းသို့ ကူးသန်းသွားလာနေသည့် ဘင်္ဂလားဒေ့ရှ်ရေယာဉ်များအနက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရဝန်ထမ်းများ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်ရေယာဉ်ကိုလည်းကောင်း၊ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်အရပ်ဘက်လှေနှစ်စင်းကိုလည်းကောင်း၊ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီ ခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်အရပ်ဘက်လှေနှစ်စင်းကိုလည်းကောင်း မြန်မာဘက်ခြမ်းရှိ ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး-ဂျင်းချောင်းဒေသဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Jul 07, 2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ် ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jul 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံအတွင်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
Jul 07, 2024
(၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ် အမှုဆောင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 07, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့ကပေးပို့သော ထောက်ပံ့ ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 07, 2024
ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်ရည်ရွယ် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။
