Skip to main content

Jul 05, 2024

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် (၁၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေးစင်တာတို့ ပူးပေါင်း၍ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Orientation ခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်(၇၀)ပြည့်အထိမ်းအမှတ် အဖြစ် 2nd International Youth Nuclear Forum ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့တွင် နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) က ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သည် နည်းပညာဆန်းသစ်တီထွင်မှုနှင့် နျူကလီးယားပညာရေးနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ကျောင်းသားများ၊ သိပ္ပံပညာရှင်များနှင့် လူငယ်ပညာရှင်များ အတူတကွပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းလည်းဖြစ်သည်။ ဖိုရမ်သို့ နိုင်ငံပေါင်း(၇၅)နိုင်ငံမှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါဖိုရမ်သို့ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ၊ ရင်တွင်းစကားသံ များကို ယခုလို ကြားသိခဲ့ရပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပရာ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၏ စိုက်ဧက ၂၁၀ စိုက်ပျိုးရေရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းတိမ်ခုနစ်တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် အဆိုပါနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချိုအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင် ရေးဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက ငွေကျပ်သိန်း ၃၀ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း ပွဲကြည့်စင်ဘယ်ဘက်ခြမ်းရှိ မြေကွက်လပ်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစု ဝင်သားသမီးများ၊ ဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းမိသားစုဝင်သားသမီးများအတွက် ပညာသင်‌ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၎င်း၏ခန့်အပ်လွှာကို ယနေ့တွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ မိုဟာမက် ရှာဟာဘူဒင်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်မှ ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝရေး၊ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ဇူလိုင် ၃ ရက်မှစ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးပစ်မှတ်မဟုတ်သော မြို့တွင်းလူနေရပ်ကွက်များကို ချိန်ရွယ်၍ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် ဘုန်းကြီးကျောင်းဝင်းနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ သေကျေပျက်စီးမှု၊ ပြင်းပြင်း

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး(၂)တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ မြန်မာကျပ်ငွေ (၈၁,၈၀၅,၅၀၀) ကျပ်တန်ဘိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဘိုးငွေ (၁၅၉,၈၁၅,၉ဝဝ) ကျပ်ခန့်ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ လည်းကောင်း၊ ရပ်ကွက်(၁၀)နီလာလမ်းပေါ်သို့ လည်းကောင်း၊ ရပ်ကွက်(၅)၊ နယ်မြေ(၁)ရှိ ပန်အုပ်ဘုန်းကြီးကျောင်းဝန်းအတွင်းသို့လည်းကောင်း၊ ရပ်ကွက်(၄)၊ နယ်မြေ(၃)အတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၁၂) နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ကချင်ပြည်နယ် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန်လ ၃၀ ရက်နေ့ကစတင်၍ စံချိန်တင်မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်