Skip to main content

Jan 24, 2024

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မွန်ပြည်နယ်၊ ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုလဲတောင်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက်နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ညီအစ်ကို ၃ ဦး သေဆုံးခဲ့ပြီး၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၃၈ ခုမှ ပြည်သူ ၅၀၂ ဦး၊ အမရပူရမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၂၄ ခုမှ ပြည်သူ ၄၂၀ စုစုပေါင်း ၉၂၂ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့နှင့်အတူ ယမန်နေ့က ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာနှင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ နှင့် ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside ဟိုတယ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နှင့်၂၂ရက်တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ “တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး” သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှ ကျောင်းသားများကိုယ်တိုင် ပေါင်မုန့်များ ထုတ်လုပ်နေပြီး အဝယ်လက်ခံရမှုများရှိကြောင်း အထက်ပါကျောင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ကုလားပဲဈေးကွက်ကောင်းနေပြီး ဝယ်လိုအားလည်းရှိနေကြောင်း ပဲအမျိုးမျိုးရောင်း ဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အင်ချွန်းမြို့ ကိုရီးယားသမ္မတနိုင်ငံ၌ အခြေစိုက်သည့် အရှေ့အာရှ - ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းမိတ်ဖက်အဖွဲ့အစည်း (East Asian-Australian Flyway Partnership-EAAFP) တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်း (၂၀၂၃ ခုနှစ်၊ EAAF 154) နှင့် တံတားဦးမြို့နယ်ရှိ ပြူကန် (၂၀၂၃ ခုနှစ်၊ EAAF 155) တို့ကို မြန်မာနိုင်ငံ၏ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ငှက်ပျံသန်းကွန်ရက်နယ်မြေများအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နမ္မတီးမြို့ ကံလှကျေးရွာ ရေအေးချောင်းတံတားအနီး၌ တရားမဝင် အခြားသစ် ၄ ဒသမ ၃၃ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၈၃၂၄)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Dong Feng မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၃၈၃၂၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက်မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် နှစ်ပေ ငါးလက်မ၊ ကိုယ်လုံး လုံးပတ် သုံးပေတစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Yar Zar Min Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Yutong အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (80 KW, EV Charger) များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်းတန် ၃၂ ဒသမ ၄၆၃၀၊ သစ်မာ ၁၆ ဒသမ ၄၂၁၄ တန်၊ အခြား ၃၄ ဒသမ ၄၁၄၆ တန် စုစုပေါင်းတန် ၈၃ ဒသမ ၂၉၉၀၊ ယာဉ်/ ယန္တရား ၁၀ စီး၊ တရားခံ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီတွင် ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ ရေဆိပ်၌ တာပိန်ချောင်းအတိုင်း ဖိုးထောင် (ခ) ကျော်ထက်နိုင်မောင်းနှင်ပြီး မစန်းစန်းမော်နှင့် မချိုချိုစန်းတို့ လိုက်ပါလာသည့် သစ်သားစက်လှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ ရွာငံမြို့မနှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်သုံးမျိုးနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ အောင်ချမ်းသာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီရုံးဝင်း၌ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ် ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး တန်ဖိုးသင့်ထမင်းဆိုင်မှ ထမင်းနှင့် ဟင်းလျာများ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် နေပြည်တော် MSME ထုတ်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဝယ်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်