Mar 05, 2024
ပညာရေးဝန်ကြီးဌာန မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး စကားဝိုင်းဆွေးနွေးပွဲများနှင့်ပြခန်းများ ပိတ်ပွဲအခမ်းအနားကိုတက်ရောက်၍ ဆုများချီးမြှင့်သည်။
Mar 05, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မတ် ၄ ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 05, 2024
ပြန်ကြားရေးဝန်ကြီးဌာနက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် ကွန်းခိနေထိုင်ကြသော အဘိုး၊ အဘွားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါဘိုးဘွားရိပ်သာရတနာပုံခန်းမ၌ ကျင်းပသည်။
Mar 05, 2024
လောကတွင် “အူမတောင့်မှ သီလစောင့်နိုင်” ဆိုသကဲ့သို့ သမုဒ္ဒရာဝမ်းတစ်ထွာဝလျှင် ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြေခံပြည်သူအများစု အူမတောင့်ရန်အတွက် အခြေခံစားသုံး ကုန်သီးနှံဖြစ်သော ဆန်နှင့် ဆီ လောက်ငဖူလုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဆန်ဖူလုံရေး၊ ဆီဖူလုံရေး၊ ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
Mar 05, 2024
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု များ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း စသည်ဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း သတင်းထုတ်ပြန်ထားသည်။
Mar 04, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်၊ သံဃာတော် ၁၆၀ ပါး၊ အုပ်ချုပ်သူအဖွဲ့ဝင် ၈ ဦးနှင့် ဆေးအကူ ၂ ဦးတို့က လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 04, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Mar 04, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ပိုးကျေးရွာတို့မှ ဒေသခံပြည်သူများကို မတ်လ ၁ ရက်နေ့က ကျေးရွာများအတွင်းမှ ခြိမ်းခြောက်မောင်းထုတ်ပြီး ရွှေငွေအဖိုးတန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
Mar 04, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ သခွတ်ခုံကျေးရွာ၊ ရွာမကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ငါးကြီးအိုင်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အရပ်သား ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 04, 2024
ဒီနေ့မှာတော့ ကျွန်တော်တို့ တရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မီဒီယာများ၊ အဖွဲ့အစည်းများမေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲအကြောင်းအရာတွေ သဘောတူညီမှုများနဲ့ပတ်သက်ပြီး တိကျခိုင်မာမှုမရှိဘဲနဲ့ လိုရာဆွဲပြီးပြောဆိုနေတာတွေ၊ ဖြစ်ချင်နေတာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ယခုလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆွေးနွေးပွဲအကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ကောလာဟလအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက် အသိပေးရမှာကိုပဲ ပြောကြားလိုပါတယ်။ အဲဒါတွေကတော့-
Mar 04, 2024
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 04, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၅-၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၃-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၈,၄၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Mar 04, 2024
မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်သည့် ပုံးရည်ကြီးကို အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အဓိကထုတ်လုပ်လျက်ရှိသည်။ အထက်အညာဒေသ၏ အဓိကအမှတ်အသား အိမ်ပြန်လက်ဆောင်ဆိုလျှင်လည်း မှားမည်မထင်ပေ။ ညောင်ဦးမြို့နယ်အတွင်း၌ပဲပိစပ်ကို အခြေခံ၍ စားသောက်ကုန်ပုံးရည်ကြီးကို ထုတ်လုပ်ပြီး ဒေသစီးပွားရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။
Mar 04, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
