Skip to main content

Dec 10, 2023

ဆံတော်ရှင်ဆူးလေ စေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက် ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင် ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်၊၊

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများအတွက် အရေးပါသော ရေချိုအရင်းအမြစ်များ ဖူလုံစွာသုံးစွဲနိုင်ရန် နိုင်ငံတစ်ဝန်းတွင် တည်ဆောက်အသုံးပြုလျက်ရှိသည့် ဆည်တာတမံများ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

၁။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် လူ့ဂုဏ်သိက္ခာများကိုအခြေခံထားပြီး လူသားများအားလုံးအတွက် လူ့အခွင့်အရေးစံနှုန်းများပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်းနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (၇၅) နှစ်ပြည့် စိန်ရတုသို့ ရောက်ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်၊ TVET Teacher Training Colleague ၊ TTTC (ဘယ်လင်း) စတုတ္ထအကြိမ်မြောက် ဆရာ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်တွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာမွေးထုတ်နိုင်ရန် ဆရာ ဆရာမများ၏ စွမ်းရည်ကို အစဉ်မြှင့်တင်ရေး ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Indoor Stadium (C)နှင့် (B)အားကစားရုံများ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန အခြားနှံစားသီးနှံဌာနစု မျိုးစေ့ဘဏ်တွင် စုဆောင်းထိန်းသိမ်းထားရှိသော ဆပ်သီးနှံ ၁၃၆ မျိုး၏ မျိုးအရည်အချင်းလက္ခဏာများ မှတ်တမ်းကောက်ယူခြင်းနှင့် မျိုးသန့်ပွားများခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုသဘင်အထိမ်းအမှတ် မော်ကွန်းကမ္ပည်း ကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကျောက်စာတိုင် မြေမြတ်နေရာမွန်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ယမန်နေ့ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ဗန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ MoU အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

(၁၃) ကြိမ်မြောက် အာဆီယံ-တရုတ်ရှေ့နေချုပ်များညီလာခံကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ခွန်စံလွင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား ၃၉၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ကြသည်။ လူသားများ လွတ်လပ်စွာရှင်သန်နေထိုင်နိုင်ရန်အတွက် ခံစားပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးများရှိကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ၊ လူမျိုး၏ ပင်ကိုစရိုက်လက္ခဏာများအရ လူအချင်းချင်းလေးစားမှုနှင့် လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားသည့်နိုင်ငံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2023

စားအုန်းဆီနှင့် စက်သုံးဆီဟူသော ဆီနှစ်ဆီက မိမိတို့နိုင်ငံတွင် အများပြည်သူနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသော အရေးပါသည့် ကုန်စည်နှစ်မျိုးဖြစ်သည်။ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့်အလျောက် နိုင်ငံခြားငွေအမြောက်အမြားသုံးစွဲ၍ ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ရာ ဆီနှစ်ဆီကို ချွေတာသုံးစွဲကြပါရန် စည်းရုံးလှုံ့ဆော်မှုများစွာ ပြုလုပ်နေသော်လည်း အသုံးအစွဲတို့လျော့ကျသွားခြင်းမရှိ။ ဈေးကွက်စီးပွားရေးခေတ်ဖြစ်သည့်အားလျော်စွာ ပုဂ္ဂလိကကဏ္ဍမှ ပြည်တွင်းဆီတင်သွင်းမှုများအပေါ် နိုင်ငံတော်အစိုးရက ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုပေးနေခြင်းကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

ဒီနေ့မှာတော့ မဟာဗျူဟာအမြင်ပေါ့ နည်းဗျူဟာအမြင် ဒါတွေနဲ့ပတ်သက်ပြီး နည်းနည်းလေး အသိပေးပြောကြားချင်ပါတယ်။ မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နဲ့ပတ်သက်ပြီး ပြောကြားချင်တာကတော့ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီး အခုအချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေရှိတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိနေသော ကားလမ်းများ၊ တံတားများအားမီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

စစ်တက္ကသိုလ်၏ (၆၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်