Skip to main content

Nov 08, 2023

ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ ရုံးပိတ်ရက် သုံးရက်တာအတွင်း ငပလီကမ်းခြေအပန်းဖြေစခန်းတွင် ခရီးသွားများ ဖြင့်စည်ကားခဲ့ရာ ယမန်နှစ်ကထက် ပြည်တွင်း၊ ပြည်ပခရီးသွား ၆၄ ဒသမ ၉၄ ရာခိုင်နှုန်း တိုးမြင့်ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသားသင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

(၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ လျာထားဧကပြည့်မီအောင် စိုက်ပျိုးရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူများ အဓိကလိုအပ်သော ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ အချိန်မီထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား တွန်းအားပေးဆောင်ရွက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရေး၊ ဒေသနေပြည်သူများ သဘာဝရေပြင်မြစ်ချောင်းများတွင် ငါးများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးအတွက် မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ နံနက် ၇ နာရီခွဲတွင် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ ကို ငါးမျိုး စိုက်ထည့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက စီစဉ်ကျင်းပမည့် အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉၀ ကျော်သည် လုပ်ငန်းငယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးကို ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်အတွက်လည်း ရည်ရွယ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

တောင်ဥက္ကလာပမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မစားရသည့်အမဲ သဲနှင့်ပက်ကြသူများ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

“နိုင်ငံတော်မူ မဟာဂီတကျမ်း” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

ပဲခူးတိုင်းဒေသကြီး၏ စပါးအပြီး ဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ရှင်းလင်းဆောင်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်တို့မှ တောင်သူ ၉၃ ဦးနှင့် လယ်ယာအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃ အရ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးကချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကိုစစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃)၊ (၉၆၂/၂၀၂၃)၊ (၉၆၃/၂၀၂၃)၊ (၉၆၄/၂၀၂၃)၊ (၉၆၅/၂၀၂၃) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတလက်ထောက်နှင့် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၏ အကြံပေးဖြစ်သူ မစ္စတာ ရှာတီရော့ဗ်ဆာဂေးဗလာဒီမီရိုးဗစ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးက ချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၅၅/၂၀၂၃)၊ (၉၅၆/၂၀၂၃)၊ (၉၅၇/၂၀၂၃)၊ (၉၅၈/၂၀၂၃)၊ (၉၅၉/၂၀၂၃)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေး စီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၆၀/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

စားသုံးသူရေးရာဦးစီးဌာန၏ အင်္ဂါနေ့ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 08, 2023

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သော သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ကောင်စီလမ်းပေါ်ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်