Skip to main content

Nov 07, 2023

တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် သွားလာလုပ်ကိုင်နိုင်ရန်အတွက် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်း နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် တည်ဆောက်ပေးထားသည်။ တိုင်းရင်းသားပြည်သူများမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် သွားလာလုပ်ကိုင်နိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ကရင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့နယ်၊ ထောင်ဝိကွင်း၌ကျင်းပသော ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့၊ မြေဩဇာများပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ အခမ်း အနားသို့တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် နိုဝင်ဘာ ၄ ရက် ညပိုင်း၌ Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ် ဦးစီးချုပ်တို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာ ကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskandar Azizov၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

၂၀၂၃ ခုနှစ်၊ အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ်၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၅၈/၂၀၂၂ (ကရင်)၊ ၅/၂၀၂၃ (ရန်ကုန်)၊ ၁၆/၂၀၂၃ (ရန်ကုန်) နှင့် ၂၇/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်‌ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ပေးပို့ရမည့်ပုံစံအား အောက်ပါ link တွင် ဝင်ရောက် download ရယူနိုင်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင်မိသားစု Bamboo and Rattan Handmade Bags Production & Trading Centre မှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါကုန်ကြမ်းများကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မြန်မာ့လက်မှုရိုးရာ HandMade ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့များသည် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီးသမား ၁၀ ဦးကျော်လုပ်ငန်းရှင်အသေး ၁၀၀ ကျော်နှင့် မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေးလက်နေဒေသခံပြည်သူ ၂၀၀၀ ကျော်အား MSME လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊၊

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်းလေဖောင်းမုန့် ထုတ်လုပ်သော Oriental Family စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း ( သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၀-၂၀၂၃)

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

မြန်မာနိုင်ငံ တိုင်းရင်း​ဆေး​ကောင်စီအစည်းအ​ဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ​နေပြည်​တော် တိုင်းရင်းဆေးရုံကြီးခုတင် (၁၀၀)တွင်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက တိုင်းရင်း​ဆေးပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ်​ ဒေါက်တာစုစု​ဒွေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E. Professor YIN Hejun နှင့် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chongqing မြို့ရှိ Wyndam Chongqing Yuelai Hotel ၌ တွေ့ဆုံပြီး သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်စံပြကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ကျေးရွာရှိ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲကို ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်