အရည်အသွေးမြှင့် အဆင့်မြှင့်တင်နေတဲ့ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
မတ်လ ၁၈ ရက်နေ့တွင် သတ္တမအကြိမ်မြောက် “လန်ချန်း - မဲခေါင် သီတင်းပတ်” ကျရောက်တော့မည် ဖြစ်သည်။ လန်ချန်းမြစ်-မဲခေါင်မြစ်သည် တရုတ်နိုင်ငံ ချင်းဟိုင်တိဘက်ကုန်းပြင်မြင့်ဒေသ ထန်ကူလာတောင်တန်းမှ မြစ်ဖျားခံလာပြီး မိုင်ထောင်ချီကွေ့ကောက်စီးဆင်းကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ခြောက်နိုင်ငံကို နီးစပ်စွာချိတ်ဆက်ပေးလိုက်ပါသည်။ ၂၀၁၆ ခုနှစ်တွင် ခြောက်နိုင်ငံက ခေါင်းဆောင်များသည် “တစ်မြစ်ထဲရေအတူသောက် သုံး၍ ကံကြမ္မာချင်းနီးကပ်စွာ ချိတ်ဆက်နေခြင်း” စိတ်ဓာတ်ဖြင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟူသော ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှုယန္တရားပုံစံအသစ်ကို အတူစတင်ခဲ့ပါသည်။ ရှစ်နှစ်တာအတွင်း၌ လန်ချန်း - မဲခေါင် ခြောက်နိုင်ငံသည် တန်းတူညီမျှဆက်ဆံပြီး ရိုးသားစွာအပြန်အလှန်ကူညီကာ တစ်မိသားစုတည်းပမာ ချစ်ခင်ရင်းနှီးကြသည်။ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သုညမှယခုကဲ့သို့တိုးတက်လာသည်အထိ အရည်အသွေးမြှင့် အဆင့်မြှင့်တင်လာပြီး များပြားသောရလဒ်များ ဆွတ်ခူးရရှိခဲ့ပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည်လည်း အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာပြီး မြစ်ဝှမ်းဒေသနိုင်ငံမှ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးပါသည်။
