EAAFP ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အတွင်းရေးမှူးရုံးကို ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့၌ ရုံးစိုက်ထားရှိပါသည်။ ယနေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံ၊ နိုင်ငံတကာအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အေဂျင်စီ (Intergovernmental Agency) များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (Internatio- nal Non-Government Organizations-INGOs) များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (Inter-national Organizations) များ ၂၁ ခု၊ စုစုပေါင်းအဖွဲ့ဝင်နိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်း ၄၀ ဖြင့် ဖွဲ့စည်းထားပါသည်။ အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက် နယ်မြေ ၁၅၅ ခု သတ်မှတ်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် ငှက်ပျံသန်းကွန်ရက်နယ်မြေရှစ်ခု သတ်မှတ်ထားရှိပြီး ဖြစ်ပါသည်။