Skip to main content

ငလျင်အကြောင်း သိကောင်းစရာ

ဘူမိဗေဒအထောက်အထားများအရ မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပေါ်ခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်အန္တရာယ်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါအားများ (စွမ်းအင်များ) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါ၍သွားခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။ မီးတောင်ပေါက်ကွဲခြင်း၊ မြေအောက်မိုင်းခွဲခြင်း၊ အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်ခြင်းတို့ကြောင့်လည်း ငလျင်များ လှုပ်ရှားတတ်ပါသည်။

ကျင့်ဝတ်ဖောက်ဖျက်တဲ့ အဖျက်မီဒီယာတွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်

ထိုင်းနိုင်ငံအခြေစိုက် TNN ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းသုံးသပ်ချက်တစ်ခုကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရှိလိုက်ရပါတယ်။ သတင်းသုံးသပ်ချက်စာသားမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဿနာတွေကို ဆွေးနွေး သုံးသပ်ထားပါတယ်။ သုံးသပ်ချက်မှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစလို့ တိုက်ပွဲတွေ ဖော်ဆောင်လာတာကို အစချီထားပါတယ်။

သတင်းအဆိပ်ခတ် အနိဋ္ဌာရုံများစေတဲ့ TNN

ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှုအားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ဖိအားအမျိုးမျိုးနဲ့ ထိုးဖောက် မွှေနှောက်တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ အင်အားချည့်နဲ့အောင် မီဒီယာအားနဲ့ဝါဒအမျိုးမျိုးဖြန့် နှောင့်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရ အားသာချက်ကို ရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ မျက်ခြည်မပြတ် သိရှိထားဖို့လိုပါတယ်။

ကန့်ဘလူမြို့တွင် ပန်းတိမ်ငိုစိုက်ပျိုးခြင်းအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ကန့်ဘလူမြို့တွင် ပန်းတိမ်ငိုစိုက်ပျိုးခြင်းအကြောင်း သိကောင်းစရာ Talk Show ပြုလုပ် ကန့်ဘလူ ဇန်နဝါရီ ၂၇ အောင်ဝင်းငြိမ်း

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါင်မြို့နယ်ရှိ တောင်သူများ နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါင်မြို့နယ်ရှိ တောင်သူများ နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက် ပေါင် ဇန်နဝါရီ ၂၇ မြို့နယ် (ပြန်/ဆက်)
Subscribe to