Skip to main content

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေများပြားလာမှုနှင့် ရင်ဆိုင်နေရတဲ့ဥရောပ 

လတ်တလောမှာတော့ဥရောပမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုမြင့်မားလာတဲ့အတွက် သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုထားတယ်လို့ သိရပါတယ်။ တုပ်ကွေးကူးစက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့သူတွေ များပြားလာတယ်လို့ ကိုပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာဟန့်စ် ဟန်ရီပီ-ကလူဂါ ကပြောပါတယ်။ ဒါ့အပြင် လာမယ့်သီတင်းပတ်တွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ  ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာတိုင်း မြန်မာ့သိုင်း သင်ယူထားသင့်သည် အားကစားဝါသနာရှင်တစ်ဦး

 အိမ်ဘေးမြေကွက်လပ်တစ်ခုတွင် ဆယ်ကျော်သက်အရွယ် အစ်မနှင့်သူ့သူငယ်ချင်းများ ကရာတေးသင်ယူကစားနေကြသည်။ အိမ်နီးချင်း ကရာတေးဆရာတစ်ဦးက အစ်မနှင့် သူ့သူငယ်ချင်းများကို ကရာတေးပညာ အခမဲ့သင်ကြားပေးနေခြင်း ဖြစ်ပါသည်။

သတင်းအဆိပ်ခတ် အနိဋ္ဌာရုံများစေတဲ့ TNN

ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှု အားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ ဖိအားအမျိုးမျိုးနဲ့ ထိုးဖောက်မွှေနှောက် တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ အင်အားချည့်နဲ့အောင် မီဒီယာအားနဲ့ဝါဒအမျိုးမျိုးဖြန့် နှောင့်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အားသာချက်ကိုရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ မျက်ခြည်မပြတ် သိရှိထားဖို့လိုပါတယ်။
Subscribe to