ပြောင်းလဲချိန်တန်သော ဤကာလတွင် နိုင်ငံတော်အကျိုးပြု ပညာရေးသို့မဟုတ် ကောင်းမွန်ပြည့်စုံသောပညာရေးကို တည်ဆောက်ရန်မှာ အလွတ်ကျက်မှတ်သောပညာရေးထက် တစ်ဆင့်တက်၍ တွေးခေါ်မြော်မြင်သောပညာရေး၊ အလွတ်ကျက်မှတ်သော စာသင်ခန်း များမှတစ်ဆင့်တက်၍ တွေးခေါ်မြော်မြင်နိုင်သော သင်ယူသူများ၊ တစ်နည်းအားဖြင့် တိုင်းပြည်လိုအပ်ချက်များ တီထွင်သုံးသပ်နိုင်သည့် သင်ယူသူများထွက်ပေါ်လာနိုင်မည့် စာသင်ခန်းများသို့ ပြောင်းလဲကြရမည်ဖြစ်သည်။