Skip to main content

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal”

လူ့ဘဝ၌ မည်သည့်ကိစ္စမဆို အမြဲတွေးတောတတ်သည့်ကိစ္စနှစ်ရပ် ရှိ၏။ အပြုသဘော မြင်တတ်ခြင်းနှင့် အပျက်သဘောမြင်တတ်ခြင်းဖြစ်သည်ဟု ဖတ်ဖူး၏။ အပြုသဘောမြင်တတ်သည့် လူပုဂ္ဂိုလ်ရှိသော ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့နေခဲ့ရပါမူ ကျွန်ုပ်တို့ပတ်ဝန်းကျင်သည် အကောင်းမြင်စိတ်တို့ဖြင့် သာယာကြည်နူးဖွယ်ပင်ရှိချေပါမည်။ ဗုဒ္ဓဘာသာအများစုကိုးကွယ်ကြသည့် ကျွန်တော်တို့နိုင်ငံတွင် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမဖြစ်သည့် မင်္ဂလသုတ်တော်လာ ၃၈ ဖြာ မင်္ဂလာတရားတော်အတိုင်း ကျင့်ကြံနေထိုင်ကြပါမူ သာယာအေးချမ်းတိုးတက်ဖွယ်ဖြစ်ပေမည်။ အပြုသဘောမြင်တတ်သည့်၊ ကိုယ်ချင်းစာစိတ်ဖြင့် ခံစားသိမြင်သည့် ခေါင်းဆောင်အကြီးအကဲ ပုဂ္ဂိုလ်တို့ရှိသည့် နိုင်ငံနှင့်ပတ်ဝန်းကျင်တို့တွင် သူ့နိုင်ငံ၊ သူ့ပြည်သူအတွက် သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်မြင့်မားရေးတို့အတွက် အမြဲအလေးထားမျှော်မှန်း ဆောင်ရွက်တတ်ကြ၏။ ထို့အတူ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၊ နိုင်ငံ့အကြီးအကဲသည် သူဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံဖြင့် “ ရှေ့သို့ချီမည် ပန်းတိုင်ဆီ ” ဟူသည့်အတိုင်း ပန်းတိုင်အရောက် လှမ်းမျှော်ချီတက်နေ၏။

မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းကောင်း တပ်မတော်၏ ၉၅ နှစ်တာ ခရီး . . . . .

လူသားတို့သည် တစ်ဦးတစ်ယောက်တည်း ထီးတည်းရှင်သန်ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ၏။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရန် အေးအတူပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်းကောင်းများရှိရန် အထူးတလည်ပင် လိုအပ်လှပေသည်။ သစ်ပင်ပန်းမန်တို့သည် တစ်ပင်တည်း ထီးတည်းရပ်တည်ခြင်းထက် အစုအဖွဲ့ဖြင့်ရှိနေမှသာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၊ သစ်ပင်တစ်ပင်ကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံ အတွက်လည်း မိတ်ကောင်းဆွေမွန်လိုအပ်ပါသည်။ မိသားတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ ကျေးရွာ တစ်ရွာမှသည် တူရာလူမျိုးစုများကိုစုစည်းပြီး လူသားမျိုးနွယ်များ စုပေါင်းနေထိုင်ကြရာမှ
Subscribe to