ငြင်းမရနိုင်သော သက်သေများ
ခေါင်းစဉ်ကိုဖတ်မိတာနဲ့ ဘာတွေကိုငြင်းနေသလဲဆိုတာကို သိချင်ကြမယ် ထင်ပါတယ်။ ငြင်းမရနိုင်တဲ့ သက်သေများလို့ ဆိုတဲ့အတွက် ဒီဆောင်းပါးမှာတင်ပြမယ့် အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ ဖြစ်စဉ်များနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင် အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေများရဲ့ အဖြေက ပိုမိုရှင်းလင်းမှာ ဖြစ်ပါတယ်။
