Skip to main content

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင် ဆောင်ရွက်စို့

နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်သော ဈေးကွက်စီးပွားရေး စနစ်တစ်ရပ် ဖော်ဆောင်ရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ လည်ပတ်မှု အခန်းကဏ္ဍမှာ အရေးပါသည်။ ကုန်ထုတ်စွမ်းအား တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုပြီး ရေရှည်ကောင်းမွန်သော စီးပွားရေးအသွင်သဏ္ဌာန် ဖြစ်ပေါ်စေသည်။ စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး လူ၊ စက်ပစ္စည်း၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်ကိုတွေ့ရသည်။ စက်ပစ္စည်းနှင့် ငွေကြေးအရင်းအနှီးသည် ငွေကြေးဓနအင်အား ပြည့်စုံသည်နှင့် အခက်အခဲမဖြစ်နိုင်သော်လည်း လူဟူသော လူ့စွမ်းအား အရင်းအမြစ်သည် အရေးပါ တန်ဖိုး ကြီးမားလှသည်။ အဆိုပါ လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်လုံးတွင် အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းလုပ်ကိုင်နိုင်စွမ်းသော အမျိုးသမီးလည်း ပါဝင်ကြသည်။

အမျိုးသားအောင်ပွဲနေ့ တို့မမေ့

မြန်မာနိုင်ငံသားများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ကန့်သတ်ထားသော ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ယခုဆိုလျှင် (၁၀၁) နှစ်မြောက် ခဲ့ပြီ ဖြစ်သည်။ အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှ မင်းကြီး မတ်ဟန်းတား၏ယူနီဗာစီတီ အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာ ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့)တွင် ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်(ယုဒသန်) ကောလိပ်ကျောင်း သားများက ကန့်ကွက်သပိတ်မှောက် ဆန္ဒပြခဲ့သောနေ့ကြီး ဖြစ်သည်။

ခမောက်ကြီးမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

ခမောက်ကြီးမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံ -ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံ -ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပညာတတ်များ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုသည့်နေ့

မြန်မာ့သမိုင်းကို ပြောင်းလဲစေသည့် တက္ကသိုလ်ကျောင်းသား ပညာတတ်များ၏ လှုပ်ရှားမှု ပညာရေးလောကတွင် ပေါ်ပေါက်ခဲ့သည်။ တစ်မျိုးသားလုံး အားပေးခဲ့သည်။ ပြီးတော့ ဂုဏ်ပြုခဲ့ကြသည်။ ဘာကြောင့် ဂုဏ်ပြုရပါသလဲ။ အမျိုးသားရေးကို ဆုပ်ကိုင်လှုပ်ရှားခဲ့ကြလို့ပါ။ ပညာတတ်များ၏ ထိုလှုပ်ရှားမှုသည် မြန်မာတစ်ပြည်လုံးကို အမျိုးသားရေးအမြင် နိုးကြားစေခဲ့သည်။ ပညာတတ်ဆိုတာ အမျိုးသားရေးကိုသာ သစ္စာခံသူ၊ အမျိုးသားရေးကို တစ်ဘဝစာ စား၊ ဝတ်၊ နေရေး ပြေလည်ရုံမျှဖြင့် မလဲသူ၊ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သူများပါဟု ပြဆိုခဲ့သည့်နေ့ ဖြစ်နေ၍ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပေသည်။ ထိုနေ့သည် ကား ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ပါ။ ပညာတတ်များ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုလိုက်သည်ကား “အမျိုးသားနေ့” (သို့မဟုတ်) “အမျိုးသား အောင်ပွဲနေ့” ပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၁၀၁ နှစ်ပင် ကြာရှည်ခိုင်မြဲခဲ့ပါပြီ။

ဝမ်းတွင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show အစီအစဥ်ကျင်းပ

ဝမ်းတွင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show အစီအစဥ်ကျင်းပ
Subscribe to