ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေပြည်တော်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့် အရေးများ ဆုံးရှုံးနစ်နာခဲ့ရသည်။
