Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်စို့

နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအပေါ်တွင် များစွာ တည်မှီလျက်ရှိသည်။ ထိုအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုကို များစွာအထောက်အကူပြုနေသောလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းပင် ဖြစ်သည်။ ခရီးသွားလုပ်ငန်းကို “မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း”ဟူ၍လည်း တင်စားခေါ်ဝေါ် လူသိများကြသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ ၁ ပုံ ရှိကြောင်း ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းသည် အမျိုးသမီးများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသတွင်သာမက ကျေးလက်ဒေသများတွင်လည်း ကျွမ်းကျင်အလုပ်သမားများနှင့် ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများ အတွက်ပါ အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း သိရသည်။

ဥတုရာသီ နေရာဒေသချိန်ခါမရွေး ရေကို ချွေတာဖို့လိုသည်

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှုပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံအလုပ်ရုံများတွင် ရေကိုပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါးနေသည်။

နိုင်ငံ့အတွက် အကျိုးရှိမည့် ဝန်ထမ်းများလိုချင်လျှင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် တကယ် သတ်မှတ်သင့်သည်များမှာ ..

ယခုနှစ် သိပ္ပံပညာထူးချွန်တံဆိပ် ပထမဆုရ အသက် ၈၀ အရွယ် အငြိမ်းစားပါမောက္ခဆရာကြီး တစ်ဦးနှင့် စကားပြောဖြစ်သည်။ “ဆရာမေးလိုသာ ပညာရေးစနစ်သစ်ကိုပြောရရင် စနစ်က အမြဲအသစ်သစ် ပြောင်းနေတော့ ဘယ်ဟာစနစ်သစ်မှန်းတောင် မသိတော့ပါဘူးဗျာ။ စနစ်တွေက အမြဲ စမ်းသပ်တာမပြီးတော့ ပညာသင် ကလေးတွေဘဝသနားစရာ ကောင်းတာပေါ့။” ပါမောက္ခဆရာကြီး ပြောစကားကြားမှ ပညာရေးအကြောင်း တွေးမိတော့သည်။ မြန်မာနိုင်ငံပညာရေး လောကတွင် ပြဋ္ဌာန်းချက်ရေးတာက တစ်ဖွဲ၊ ပြဋ္ဌာန်းချက်ကိုသင်ကြားတဲ့ အထက်တန်းကျောင်း ဆရာ ဆရာမက တစ်ဖွဲ၊ စာမေးပွဲစစ်အဖြေလွှာကိုစစ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမနှင့် အထက် တန်းပြဆရာ ဆရာမပူးပေါင်းအဖွဲက တစ်ဖွဲ၊ မေးခွန်းထုတ်တဲ့ တက္ကသိုလ် ပါမောက္ခ ဆရာ ဆရာမကြီးများက တစ်ဖွဲ ဟူ၍ လေးဖွဲရှိတာ တွေ့ရပါသည်။

ဆီနှင့်ငွေ အတူမနေ

ငယ်စဉ်က ဆီဝယ်သည့် အလုပ်ကို ကလေးများ လုပ်ရပါသည်။ ဆီပုလင်းပပြီး ဆီသည်ထံ သွားဝယ်ရာတွင် ငါးကျပ်သား၊ တစ်ဆယ်သား ခြင်ခွက်ကလေးများနှင့် ထပေးသည်ကို သဘော ကျပါသည်၊ ကဏသဉ့်ဂေါ်လီလုံးသာသာခြောက် ကလေးများ၊ ဂျင်ပေါက်ကာစသည့်အရွယ် ခွက် ကလေးများကိုကိုင်၍ ပုံထဲမှာ ခြင်တွယ်ရေစက်ချ နေသည်မှာ ကြည့်၍လူ၏။ အလွန်လျင်မြန် ကျွမ်းကျင်စွာ ခြင်တွယ်သောဈေးသည်များကို ကြည့်၍ အံ့ဩဓိ၏။

မြန်မာစာပေ၊ မြန်မာဂီတနှင့် မြန်မာမှုဆိုင်ရာပညာရှင် ဆရာကြီး ဦးမြင့်ကြည်(တက္ကသိုလ်မြတ်နိုး)

စာပေဆိုသည်မှာ အသိဉာဏ်ပညာတို့ စုဝေးကိန်းအောင်းရာနေရာဖြစ်သည့်အတွက် နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဏ္ဍိုင်တစ်ရပ် ဖြစ်ပါသည်။

အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေး

စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ ထို့ကြောင့် မြေကြီးကို အားကိုးအားထားပြုနေ ကြရသည်။ ထိုမြေကြီးသည်လည်း စိုက်ပျိုးသီးနှံများဖြစ်ထွန်းစေရန်အတွက် မြေဆီဩဇာကြွယ်ဝရန် လိုပါသည်။ ယခုအခါဓာတုဓာတ်မြေသြဇာများ သုံးစွဲလာခြင်းကြောင့် မြေဆီခန်းခြောက်လာသည်ကို သတိပြုသင့်ပေသည်။

ဒီမိုကရေစီခေတ်မှာ လူဖြစ်လာသောအခါ

ဒီမိုကရေစီစနစ်သည် ၉၆ ပါးရောဂါစလုံး ပျောက်ကင်းနိုင်သော ဣစ္ဆာသယဆေး လုံးဝ မဟုတ်သကဲ့သို့ နိုင်ငံရေးအားဖြင့် “နိုင်ငံရေးမူဝါဒ” မဟုတ်ဘဲ “နိုင်ငံရေးကျင့်စဉ်” တစ်ရပ်မျှသာ ဖြစ်ပါသည်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် ပါလီမန်ဒီမိုကရေစီ ကျင့်စဉ်၊ ဆိုရှယ်လစ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် ဆိုရှယ်လစ်ဒီမိုကရေစီကျင့်စဉ် ဖြစ်သွားသည်။ အလားတူ “ငါနှင့်ငါသာ နှိုင်းစရာတည်း” ဟုခံယူကာ “တစ်ပါတီ အာဏာရှင်စနစ်” ကို ကျင့်သုံးလျှင် “ဒီမိုကရေစီအာဏာရှင်စနစ်” ဧကန်ဖြစ်သွားမည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဆေးလာရောက်ထိုးနှံသူပြည်သူများ၏ ရင်တွင်းစကားသံများ

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဆေးလာရောက်ထိုးနှံသူပြည်သူများ၏ ရင်တွင်းစကားသံများ နောင်ချို အောက်တိုဘာ ၂၉ သန်းသန်းထွေး
Subscribe to