အတိတ်သမိုင်းက ဆိုးမွေကို မျက်မှောက်သမိုင်းတွင် မပါစေလို
(ယမန်နေ့မှ အဆက်)
ထိုအချိန်ကာလက ရဲဘော်ဖြူများသည် ကျောက်ပန်းတောင်း၊ ညောင်ဦး၊တောင်သာ၊ မိတ္ထီလာ တစ်ခွင် စိုးမိုးထား သည့်အချိန်လည်း ဖြစ်သည်။ ရဲဘော်ဖြူ များသည် ပုပ္ပားတောင်ကိုပါ သိမ်းထားသည်။ ထိုစဉ်က ပုပ္ပားတောင် ပြန်လည် သိမ်းယူရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်နှင့် ပုပ္ပား တောင်ကလပ်ပေါ်တက်ရင်း တွေ့ကြုံခဲ့ရပုံကို ဖတ်ရှုရ သည်မှာ စိတ်ဝင်စားဖွယ် ကောင်း လှသည်။
