သိပ္ပဉ္စ
အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာမည်၏။
“ဗာဟုသစ္စဉ္စ” ခေါ် အကြားအမြင် ဗဟုသုတများခြင်းသည် မင်္ဂလာမည်၏ကို ဟောပြီးနောက် ဗုဒ္ဓမြတ်စွာဘုရားသည် “သိပ္ပဉ္စ” ခေါ် အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာမည်၏ဟု ဆက်ဟောပါသည်။ တစ်ခုနှင့် တစ်ခု ဆက်စပ်မှုရှိနေသည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ကျော်ကဟောကြားခဲ့သော်လည်း ယနေ့တိုင် ခေတ်မီနေခြင်း၊ တရားတစ်ခု နှင့် တစ်ခု ဆက်စပ်မှုရှိနေခြင်းသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည့် အပြင် ဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်များ ကိုလည်း ပိုမိုကြည်ညိုမိပါသည်။
