၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် သမဝါယမဌာန မေမြို့ (ပြင်ဦးလွင်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမဦးဆုံး မြင်းမူမြို့နယ် လယ်ယာစိုက်ပျိုးရေးချေးငွေ | ထုတ်ပေးသော ငွေစုငွေချေး သမဝါယမအသင်းကို သမဝါယမဌာနတွင် မှတ်ပုံတင်ပေးခဲ့ပြီး ထိုနှစ်မှစ၍ မြန်မာ့သမဝါယမလုပ်ငန်းများ အစပြုလာခဲ့သည်ဟု ဆိုရပါလိမ့်မည်။ အဆိုပါ မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းတွင် ဒေါ်စော၊ ဦးအံ့ဘွယ်၊ ဦးပု(ဂန္ဒီ)၊ ဦးပျော့၊ ဦးမူ၊ ဦးလာစံ စသည့် အဲဒီခေတ်က ထင်ရှားသည့် တောင်သူ လယ်သမားများ ပါဝင်ဖွဲ့စည်း ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များသည် မြန်မာ့သမဝါယမကို အုတ်မြစ်ချခဲ့သူများဟု ဆိုနိုင်ပါသည်။ သမဝါယမ လုပ်ငန်းများအနေဖြင့် အသင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရေး၊ လူမှုစီးပွားမြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပြီး ခေတ်အဆက်ဆက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုခဲ့ရာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။