ကမ္ဘာပေါ်က နိုင်ငံအတော်များများ လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့နိုင်ငံ လည်း လိုက်ပါကျင့်သုံးနေပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းနဲ့ ပြည်သူ့ဆန္ဒကို ဦးစားပေးခြင်း စတာတွေဟာ ပြည်သူအားလုံးရဲ့ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီမိုကရေစီ စံနှုန်းတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ၂၀၁၈ မှာစတင်တဲ့ ပထမ ငါးနှစ်သက်တမ်းနဲ့ ၂၀၁၅ မှာစတင်တဲ့ ဒုတိယငါးနှစ် သက်တမ်းတွေအတွင်းမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ထူးထူးခြားခြားရလာပေမယ့် ပြည်သူတွေအတွက် အကျိုးစီးပွားကတော့ ထိထိရောက်ရောက်ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။