Skip to main content

NUG ရဲ့ အနောက်တံခါး ဖွင့်ပေးမယ့်အကြံ………….. တို့ပြည်သူအားလုံး လက်မခံ

သာစွဌာနီ ရခိုင်ပြည်နယ်ကိုပြည်ထောင်စုသားများ က အနောက်တံခါးလို့ တင်စားသတ်မှတ် ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ဆုံးတောင်ကုန်းဒေသမှ တောင်ဘက် မြို့နယ်အဆုံး ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ မြောက်ဘက် မှာ အတန်ငယ်ကျယ်ပြန့်ပြီး တောင်ဘက်သို့ ကျဉ်းမြောင်းရှည်လျားလာရာ လိမ္မော်သီးစိတ်ပုံ သဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး တောင်ဘက်အရပ်က မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။ ။

ကျောက်ဆည်မြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ကျောက်ဆည်မြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ ကျောက်ဆည်၊ ဇွန် ၂၉ သက်မောင်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းနှင့် ပြည်ပချေးငွေများအား စိစစ်သုံးသပ်ခြင်း

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အကြောင်းအရာများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်း Foreign Direct Investment (FDI) သည်လည်း အရေးပါသောအချက်/ ကဏ္ဍတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအား ဖိတ်ခေါ်ရာတွင် အခြေခံကျသောဆောက်လုပ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် လာရောက်မြှုပ်နှံဖို့ လိုအပ်သလို အခြားသောကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။

ခြင်ကျားအန္တရာယ် ဝိုင်းဝန်းကာကွယ်

သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ဖြစ်တတ်သော ရောဂါဖြစ်ပြီး မိုးရာသီဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများတွင် ပိုမိုအဖြစ်များ သည်ကို တွေ့ရှိရသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပေါ်တတ် သည်။ အသက်(၁၅)နှစ်အောက် ကလေး(သုံးနှစ်မှ ရှစ်နှစ်အရွယ်) များတွင် ဖြစ်ပွားမှုများသော်လည်း (၁၅)နှစ်အထက် ကလေးများတွင်လည်း ဖြစ်ပွား နေသည်။ ရာသီဥတုပြောင်းလဲချိန် မိုးတွင်းကာလ တွင် နှစ်စဉ်အမြဲအဖြစ်များလေ့ရှိသည်မှာ သွေးလွန် တုပ်ကွေးရောဂါပင် ဖြစ်သည်။ ယင်းရောဂါသည် အခန့်မသင့်ပါက ဖြစ်ပွားသည့် ကလေး၊ လူကြီး မရွေး အသက်ဆုံးရှုံးနိုင်သည့်အတွက် အရိပ် တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည်။

သက်ရှည်ကျန်းမာဖို့ E- စီးကရက်ကို ရှောင်ကြဉ်ကြပါစို့

လက်ရှိအချိန်တွင် (Electronic Cigarette) E- စီးကရက်သည် လူငယ် များကြားတွင် ရေပန်းစားလာလျက် ရှိသည်။ အနည်းငယ် ရှူရှိုက်လိုက်ရုံ မျှဖြင့် မီးခိုးငွေ့များစွာထွက်သဖြင့် လူငယ်များသည် E- စီးကရက်ကို ပိုမို သောက်လာကြသည်။ တချို့သော လူငယ်များကမူ E- စီးကရက်ကို အစမ်း သဘောမျိုး သောက်လာကြသည်။ သို့သော် ထို E- စီးကရက်ကို မည်သည့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည် ကို မည်သူမျှမသိကြပေ။ စွဲလမ်းမှုဖြစ် စေသည့် နီကိုတင်းဓာတ်ပါနေသည် ဆိုသောအချက်ကို မည်သူမျှမငြင်းဆန် နိုင်ချေ။ ဆေးလိပ်ထက်ပင် ကြောက် မက်ဖွယ်ရာကောင်းလှပြီး ကင်ဆာဖြစ် နိုင်ခြေလည်း များစွာပိုမိုလျက်ရှိသည် ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ထောက်ပြထားသည်။

သမဝါယမစနစ်ကို အခြေတည်၊ တွဲလက်ညီညီ ရှေ့သို့ချီ၊ ပို၍ကောင်းအောင် တည်ဆောက်မည်

မြတ်စွာဘုရားရှင်က “ န ပုပ္ပဂန္ဓာ ပဋိဝါတမေတိ၊ နစန္ဒနံ တဂရ မလ္လိကာ ဝါ၊ သတဉ္စဂန္ဓာ ပဋိဝါတမေတိ ၊ သတ္ထာဒိသာ သမ္ဗုရိသော ပဝါယတိ ”ဟု ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပါယ်မှာ “ပန်းတို့၏ ရနံ့သည် လေညာသို့ မရောက်နိုင်။ စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်၊ ကြက်ရုံး စသော ပန်းတို့၏ အမြစ်၊ အနှစ်နှင့် အပွင့်ဟူသော ရနံ့သည်လည်း လေညာအရပ်သို့ မပျံ့စေနိုင်။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့နှင့် ဂုဏ်သတင်းသည်သာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့မွှေးကြိုင်စေနိုင်သည်” ဟု ဖြစ်ပေသည်။

ပူတယ်လေ ဆယ်နေကဲချိန် လွန်မြောက်လိုပါသည်

ပြီးခဲ့တဲ့ရက်က ဒဂုံမြို့သစ်တောင်ပိုင်း မူလတန်းကျောင်းမှာ ယူနီဆက်ဖ်ကလှူဒါန်းထားတဲ့ကျောင်းသုံးပစ္စည်းတွေကို မီးရှို့ပစ်ကြတယ်ဆိုတဲ့ သတင်းကြားမိပါတယ်။ ကလေးတွေ ကျောင်းမတက်ရဲအောင်၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်နေကြတာရဲ့ ပြယုဂ်တစ်ခုပါ။

စစ်ကိုမျှော်၍ ခေါ်ကြသည်

“ဂျပန်လေယာဉ်ပျံတွေ ရန်ကုန်မြို့ကို ဗုံးကြဲပြီးနောက်ရက်မှာ ငါတို့မိသားစုတွေလည်း အမျိုးတွေရှိရာ လေးမျက်နှာမြို့ကို ပြေးရတယ်။ လမ်းမှာ လှေမှောက်လို့ ပစ္စည်းတွေ ပါသွားတယ်၊ ကျန်တဲ့ပစ္စည်းတွေကို ငါ မနှမြောပါဘူး။ စာအုပ်တွေပါသွားတာတော့ အတော်နှမြောတယ်ကွာ”
Subscribe to