အဂတိကင်းစင် ငွေစာရင်းမင်းကြီး ဦးဘခင်
ယခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ငါးနှစ်တာ အစိုးရခေတ်ကာလအတွင်းက တာဝန်ရှိသူအချို့နဲ့ ဝန်ကလေး၊ ဝန်ကြီးအချို့ရဲ့ အဂတိလိုက်စားခဲ့မှုတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ကော်မရှင်က အမှုဖွင့်အရေးယူမှုသတင်းတွေ ဆက်တိုက်နီးပါး မြင်ရကြားရချိန်မှာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ တစ်ခေတ်တစ်ခါက အဂတိကင်းစင်ငွေစာရင်းမင်းကြီး ဦးဘခင်အကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ဓမ္မဒူတစာအုပ်မှာ လေ့လာဖတ်ရှုလိုက်ရတော့မှ စိတ်လက်အတော် ပေါ့ပါးသက်သာရာရခဲ့ကြောင်းပါဗျာ။
