တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်း ဖြစ်ကာ အနောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းများအရ စုစုပေါင်း လူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျား လေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းဂျေးအင်း ဖြစ်သည်။