Skip to main content

ကိုဗစ်- ၁၉ ကာလ၊ ကာလအလွန် လူနေမှုဘဝအသစ်နှင့် ပညာရေးကဏ္ဍသစ်

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။ ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့် ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။

စိတ်နဲ့တောင် မပစ်မှားကြနဲ့

သူတော်ကောင်းတို့ မွေ့လျော်ရာ စစ်ကိုင်းတောင်ရိုး၏ နေဝင်ရီသရောအချိန်။ နေမင်းကြီးသည် လောကဓာတ်ကို တစ်နေ့တာအလင်းဓာတ်တို့ဖြန့်ဝေပေးပြီး နောက် ခေတ္တအနားယူခါစ၊ တစ်ဆက်တည်းမှာပင် လောကသားတို့ ချမ်းမြသာယာစေဖို့ သီတဂူစန်းလကလည်း ထွက်ပေါ်စအချိန်။

တစ်ဦးမေတ္တာ တစ်ဦးမှာ

“ပုစွန်ဆိတ်ကလေးဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်” တဲ့။ ကိုယ်ခန္ဓာသေးသေးမွှားမွှား ကလေးဖြစ်ပေမယ့် ဒီပုစွန် ဆိတ်ကလေးတွေကတဝေါဝေါတဝုန်းဝုန်းနဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်နေတဲ့ ပင်လယ်ပြင် ကျယ်ကြီး ထဲမှာ လက်ပစ်ကူးနိုင်ကြသတဲ့။

တစ်ဦးတစ်ယောက်ချင်းကာကွယ်မှ အကုန်လုံး ကာကွယ်မယ်၊ အကုန်လုံး လုံခြုံမှုရမှ ဒီရောဂါကွင်းဆက်ကို တိတိကျကျ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဘာလိုနေကြတာလည်း

နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။ ပြဿနာတွေရဲ့ အဖြေတွေ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းတွေကို ဘယ်မှာရှာကြမလဲ။

ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည်ထူထောင်စို့

အလိမ္မာစာမှာရှိဆိုသကဲ့သို့ စာတတ်မှသာလျှင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှုဆိုသော အယူအဆသဘောတရားသည် ကျယ်ပြန့်လာပြီဖြစ်သည်။

နိုင်ငံသားတိုင်း ခေတ်မီတိုးတက်စေဖို့ စာပေမီးရှူးတိုင်ထွန်းကြစို့

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (The United Nations Educational, Scientific and Cultural Organization - UNESCO) ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် UNESCO ညီလာခံ၌ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ UNESCO အဆိုအရကမ္ဘာ့လူဦးရေ ၇၈၁ သန်းခန့်သည် အခြေခံစာကိုပင် ရေးနိုင်၊ ဖတ်နိုင်စွမ်းမရှိသေးဟု ဆိုသည်။ တောင်အာရှနှင့် အနောက်အာရှ “ဒေသတွင် အရွယ်ရောက်သူ စာတတ်မြောက်မှုနှုန်းသည် အနိမ့်ဆုံးဖြစ်ပြီး ပြည်သူ ၅၈ ဒသမ ၆ ရာခိုင် နှုန်းသာ စာတတ်ကြသည်။ ။
Subscribe to