ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းအနေနဲ့ အခွင့်အရေးရရင်ရသလို ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေးမထိုးနှံရသေးသူ များထက် ခံနိုင်ရည်ရှိသည်ကို လေ့လာသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့် အတွက် ပြန်လည်ကောင်းမွန်လာသည့်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
