Skip to main content

ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး စွန်ရဲအင်းသဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ(၉)သိန်းစိုက်ထည့်

ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး စွန်ရဲအင်းသဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ(၉)သိန်းစိုက်ထည့် ကျောက်ဆည်၊ ဇွန် ၂၅ သက်မောင်

တစ်မျိုးသားလုံး မူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသအဖွဲ့ ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့အစည်းများဖြင့် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။ တစ်ချိန်တည်းတွင် မူးယစ် ဆေးဝါးထုတ်လုပ်သူများနှင့် တရားမဝင် လုပ်ကိုင်သည့်ပညာရှင်တို့သည် ဒေသ တွင်းနှင့် ဒေသအပြင်ဘက်မှ ရောက်ရှိ၍ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်း များနှင့် ပါဝင်ပတ်သက်ကာ မူးယစ် ဆေးဝါး ထုတ်လုပ်မှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်မားလာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု နည်းစနစ်နှင့် သယ်ဆောင်ရောင်း ဝယ်မှု နည်းစနစ်တို့ မှာ အချိန်နှင့်အမျှ နည်းပညာမြင့်မားလာ လျက်ရှိရာ ရှာဖွေထောက်လှမ်း ဖမ်းဆီး ရာ၌ နည်းပညာမြင့်မားသော ထောက်ပံ့ ရေးပစ္စည်းများဖြင့် တန်ပြန်ရှာဖွေ ဖော် ထုတ်မှုသည် အိုင်တီနည်းပညာခေတ် တွင် အဓိကလိုအပ်လာလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းလိုအပ် ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး Mobile X-Ray woêqpa Portable X-Ray စက်များ၊ ဓာတုပစ္စည်းများ စစ် ဆေးသည့်ပစ္စည်း ကိရိယာများအပါအဝင် ခေတ်မီနည်းပညာ အထောက်အကူပြု ပစ္စည်းများကို ပြောင်းလဲလာသောနည်း ပညာနှင့်အညီ နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိသောကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး လုပ်ငန်းတွင် များစွာ အထောက်အပံ့ဖြစ်စေလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် Russia 24 ရုပ်သံ၏ International Review အစီအစဉ်တင်ဆက်သူ Mr. Fedor Lukyanov တို၏ အင်တာဗျူးအစီအစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် Russia 24 ရုပ်သံ၏ International Review အစီအစဉ်တင်ဆက်သူ Mr. Fedor Lukyanov တို၏ အင်တာဗျူးအစီအစဉ်

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (တောင်ကိုရီးယားနိုင်ငံ)

တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဖြစ်ကာ အနောက်ဘက်တွင် တရုတ် နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း များအရ စုစုပေါင်းလူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျားလေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည်တောင်ကိုရီးယားဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းအင်း ဖြစ်သည်။
Subscribe to