နယ်လ်ဆင်မင်ဒဲလား
နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်အခမ်းနားဆုံး statesmenကဘယ်သူဖြစ်မလဲ။ ဂျိုးဇက်စတာလင် နဲ့ မော်စီတုံးကို ဘေးဖယ်ထားလိုက်ပါ။ အာဏာရှင် ဆန်ဆန် အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဂျိမဲလ် အက်ဘ် ဒယ်လ် နက်ဆာနဲ့ ပိုလေးစားဖို့ကောင်း သလောက် သြဇာလွှမ်းမိုးမှုကျတော့ ပိုနည်းတဲ့ ဗက်ကလက်ဟာဗယ်လ်တို့ကိုလည်း အသာထား လိုက်ပါ။ ပြီးတော့ နောက်ထပ်နာမည် ဒါဇင် ဝက်လောက်ကို ဆန်းစစ်လိုက်ပါဦး။ မိုဟန်ဂျိစ် ဂန္ဒီ၊ ဝင်စတန်ချာချီ၊ ဖရန်ကလင် ရုဇဗယ့်၊ ချားလ်စ်ဒီ ဂေါလ်၊ ဂျက်ခ်ကနေဒီနဲ့ နယ်လ်ဆင်မင်ဒဲလားတို့ ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သန်းပေါင်း များစွာသော လူတို့အဖို့ရာမှာတော့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွား ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အထက်ပါစာရင်းထဲမှ နောက်ဆုံးပုဂ္ဂိုလ်သာလျှင် ဖြစ်ပါတယ်။
