လူမျိုလျှင် လူမျိုးပြုတ်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ယင်းပြောကြားချက် များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက် မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရေး (ပန်းခင်းလမ်းစီမံချက်) ကို အလေးထား ကြောင်း ပြောကြားသွားသည်။
