ယဉ်ကျေးလိမ္မာသင်တန်းများ ဒေသစုံဖွင့်လှစ်ပေးခြင်းဖြင့် လူမှုအသိုက်အဝန်းကောင်းများ ဖော်ဆောင်ကြပါစို့
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက် မဟာပုညာရာမတိုက် (ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်) မဏိရတနာတန်ဆောင်း တွင် ပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းသို့ စာရေးသူအစီ အစဉ်မရှိဘဲ တက်ရောက်ဖြစ်ခဲ့ သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသဝ အရှင်သူမြတ် (မင်္ဂလာသုခ သလိတ်ကြီးကျောင်း တိုက် ကျောင်းထိုင်ဆရာတော်)နှင့် ဖျာပုံမြို့ (မဟာ ပုညာရာမတိုက်) ထန်းပင်ကျောင်း ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင်ဟောင်း) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ) ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်အပါအဝင် သင်တန်းဖြစ်မြောက်ရေး ဦးဆောင်စီမံ ကြီးကြပ်ပေးကြသည့် ဆရာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူသည်။
