Skip to main content

Jul 30, 2026

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ငါးမွေးမြူရေးကန်များရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများ တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ယခုအခါ လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်း ဒုတိယအကြိမ် ကပ်လှူပြီးစီးပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား (၁၈) ကြိမ်မြောက် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင်တော်ပေါ်ရှိ စေတီတော်လိုဏ်အတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့လှမြို့ အမှတ် (၅) ရပ်ကွက်၌ နေထိုင်လျက်ရှိသော အသက် ၁၁၈ နှစ်ရှိ အဘွား ဒေါ်ဖာတမာအား ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက သွားရောက်ဂါရဝပြုတွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်စက်ရုံများ၊ အစိုးရ-ပုဂ္ဂလိက (Public - Private Partnership - PPP) ပူးပေါင်းဆောင်ရွက်နေသည့် စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ငလျင်အကြောင်းပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ဦးစီးကျင်းပသွားမည်ဟု သိရသည်။ Earthquake Bootcamp 2026 ကိုဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့)

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု၌ ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီး နောက်ဆက်တွဲငလျင်များဖြစ်ပေါ်နိုင်၍ အနီးပတ်ဝန်းကျင်ဒေသရှိ မြန်မာနိုင်ငံသားများ သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်ကို အချိန်နှင့်တစ်ပြေးညီ လိုက်နာကြရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ဝါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မာစကြာတရားများကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ INGO Peace တို့ ပူးပေါင်းကျင်းပသည့် မြန်မာ- ဂျပန်စီးပွားရေးဖိုရမ်ကို ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်) မြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အသိပေးဖိတ်ခေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီက နေ့စဉ်ပျမ်းမျှ အမှိုက် ၀ ဒသမ ၃၅ ကီလိုဂရမ်မှ ၀ ဒသမ ၅၃ ကီလိုဂရမ်ဝန်းကျင် စွန့်ပစ်နေကြသည်ဟု မှတ်သားရဖူးသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၀၀၀၀ ကျော် စွန့်ပစ်နေခြင်းဖြစ်ရာ လူတိုင်းက စည်းနှင့်ကမ်းနှင့် စနစ်တကျစွန့်ပစ်ကြမှသာ လူနေရပ်ရွာတို့ သန့်ရှင်းသပ်ရပ်သာယာလှပနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနား အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် ၁၂ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

ရန်ကုန်မြို့သည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝပြီး ဂုဏ်ယူစရာကောင်းသည့် မြို့ကြီးဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ အနုပညာဗိသုကာလက်ရာမြောက်သည့် ရှေးဟောင်းအဆောက်အအုံများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရှိသည်။ ယခုအခါ ယဉ်ကျေးမှုနှလုံးသားဟု တင်စားရမည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် ဝဇီရာရုပ်ရှင်ရုံကြီးကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံပြီး နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

စိုက်ပျိုးရေးကဏ္ဍ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)များမှ ယခုနှစ် မိုးရာသီချေးငွေများ တိုးမြှင့်ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

"တောင်တန်းမေတ္တာ လေညင်းသစ္စာ" မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်