Sep 06, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။
Sep 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Sep 06, 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာပိတ်ဆို့ကာ သာလွန်အင်အား အများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့စခန်းမကျစေရ)ဆိုသည့် ခိုင်မာသော သံန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျူးပါကြောင်း၊ ရဲတပ်ဖွဲ့မှ ကျင့်သုံးနေသည့် ရဲကျင့်ဝတ်အပါး (၇၀)အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး
Sep 06, 2022
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ် ဖြစ်ပါသည်။ အစီအစဉ်တွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားထားသူမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါသည်။
Sep 06, 2022
မြဝတီမြို့နှင့် နမ့်ခမ်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Sep 06, 2022
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
Sep 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 06, 2022
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့ နံနက် ၈ နာရီတွင် အလယ် အလတ်အဆင့် အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၈) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို Online Learning System ဖြင့် ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Sep 06, 2022
စားသုံးသူ ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် လတ်ဆတ်သော သားငါးများ စားသုံးနိုင် စေရေးအတွက် မွေးမြူ ထုတ်လုပ်သူများ အနေဖြင့် စားသုံးသူထံ တိုက်ရိုက် ရောင်းချနိုင်စေရန် စီမံ ဆောင်ရွက်လျက် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ယနေ့ ကျင်းပသည့် မွေးမြူရေးထုတ်ကုန် ပစ္စည်းများကို အခွန်လွတ်စျေးများတွင် လွတ်လပ်စွာ ရောင်းချခွင့်နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
Sep 06, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည် ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ် စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက် ရှိသည်။
Sep 06, 2022
ပြည်ကြီးတံခွန် စက်မှုဇုန်(၁)ရှိ ပုဂ္ဂလိက ဝါကြိတ် စက်ရုံများတွင် ဝါစေ့ဆီ ထုတ်လုပ်နေမှုနှင့် ဝါဂွမ်း ဘေထုပ် ထုတ်လုပ်နေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှု အားပေးရာ လုပ်ငန်းရှင်များက ပြည်ကြီး တံခွန် စက်မှုဇုန်(၁)အတွင်းရှိ ဝါကြိတ်စက် ၁၆၉ လုံး၊ ဝါစေ့ဆီ ဆုံ ၂၄ လုံး၏ ကုန်ကြမ်းရရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ဝါစေ့ဆီ ကြမ်း ထုတ်လုပ်နိုင်မှုနှင့် ဝါစေ့ ကြိတ်ဖတ်များကို မွေးမြူရေး တိရစ္ဆာန်အစာအဖြစ် ရောင်းချနိုင်မှုများကို လည်းကောင်း လုပ်ငန်း လိုအပ်ချက်များကို လည်းကောင်း တင်ပြကြသည်။
Sep 06, 2022
၁။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည် ဟူသော စွပ်စွဲချက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်း အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ် အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် ၂၀၁၈ ခုနှစ်မှ စတင်ဖော်ပြခဲ့သည်။
Sep 06, 2022
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့် ပြုပေးလျက် ရှိကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ ငွေစာရင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှ စတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံ ဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစု လွှဲပို့ငွေ ရရှိမှုမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန် ဒေါ်လာ ၆၁၅၂ ဒသမ ၀၄၄ သန်း ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်း ပြောကြားသည်။
Sep 06, 2022
မန္တလေး- မြစ်ကြီးနား - လားရှိုး မြို့တွင်းလမ်း မိုင် (၁၇၂/၀) မှ (၁၇၈/၀) အထိ ၄၈ ပေ အကျယ် လေးလမ်းသွား ကတ္တရာကွန် ကရစ် လမ်းတိုးချဲ့ခြင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Sep 06, 2022
မီဒီယာသည် လူအများ၏ စိတ်ကို ဆွဲဆောင်စည်းရုံး နိုင်သည့်အတွက် မိမိတို့နိုင်ငံ အနာဂတ် ပိုမိုတိုးတက် ကောင်းမွန်အောင် မီဒီယာ နည်းလမ်းဖြင့် ကူညီနိုင်ရန် ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ပြောကြားခဲ့သည်။
Sep 06, 2022
မြန်မာနိုင်ငံ၏ လူဦးရေသည် နှစ်စဉ် တိုးတက်လျက် ရှိသည်။ လူဦးရေ တိုးလာသော်လည်း စားနပ်ရိက္ခာ အတွက် ပူပန်ဖွယ်မရှိပေ။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး စားသုံးသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းနှင့် လုံလောက်မှု ရှိသည်။
Sep 06, 2022
အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System – PRs) ကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး လက်ရှိတည်ဆဲ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ ၇၁ ပါတီ တက်ရောက်ခဲ့ပြီး လေးကြိမ် ဆွေးနွေးမှုပြုခဲ့ရာ၌ နောင်ရွေးကောက်ပွဲများ ကျင်းပသည့်အခါ PR စနစ် ပြောင်းလဲ ကျင့်သုံးရန်နှင့် စတင်ကျင့်သုံးရာ တွင် မဲဆန္ဒရှင် ပြည်သူများ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်မည့် Close List PR စနစ်အား ကျင့်သုံးရန် သဘောတူခဲ့ကြကြောင်း၊
Sep 06, 2022
လာမည့်စက်တင်ဘာလ ၇ ရက်နေ့သည် တတိယအကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့” ဖြစ်သည်။ လေထု ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများနှင့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု လျှော့ချရေးနည်းလမ်းများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိ နားလည်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနစ် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၇၄/၂၁၂) အရ နှစ်စဉ် စက်တင်ဘာလ (၇) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean
