Sep 05, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Sep 05, 2022
နေ့စဉ်လူမှုဘဝ သွားလာနေကြရာ၌ ယာဉ်မတော်တဆဖြစ်မှုကို ရံဖန်ရံခါ ကြုံတွေ့ကြားသိကြရဖူးမည်ဖြစ်သည်။ ရံဖန်ရံခါမှသာ ဖြစ်တတ်သည်ဟူ၍ ယာဉ်မတော်တဆဖြစ်မှုကို အမှုမဲ့အမှတ်မဲ့နေခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆဖြစ်မှုများကို နိုင်ငံအလိုက်၊ ကမ္ဘာလုံးနှင့်ချီ၍ လေ့လာကြည့်မည်ဆိုလျှင် စိုးရိမ် ထိတ်လန့်ဖွယ် မြင်တွေ့ရမည်ဖြစ်သည်။
Sep 05, 2022
နိုင်ငံတော်က လာမည့်စိုက်ပျိုးရာသီတွင် နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူလယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ အနက်မှ ကျပ်ဘီလီယံ ၂၃၀ မတည်ထူထောင်ပေးထားရာ ဆောင်းသီးနှံ ပဲတီစိမ်းကို လျာထားချက်
Sep 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ (၇) ကြိမ် မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။
Sep 04, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ စွယ်တော်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး စွယ်တော်ဆရာတော်အား ဖူးမြော်၍ ဝါဆိုသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီများနှင့် အဆိုပါကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာ စာအုပ်၊ ကျောင်းဝတ်စုံများအား လှူဒါန်းထောက်ပံ့ခဲ့ပြီး ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များအား စီမံဆောင်ရွက်ပေးသည်။
Sep 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 04, 2022
လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပြောကြားသည်။
Sep 04, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင် ဓမ္မဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
Sep 04, 2022
ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးမှ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။
Sep 04, 2022
မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဌာနအလိုက် နေထိုင်သူ နိုင်ငံ့ဝန်ထမ်း အရာ ထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး၊ စုစုပေါင်းဝန်ထမ်း ၅၀၀ ကို နေရာချထားပေးပြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်း အမှတ်(၅၀၆)တွင်လည်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 04, 2022
တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ်အမှတ် (၁၅၃) အဆန်၊ အမှတ် (၁၅၄) အစုန်ရထားကို ပြည်သူများ၏ တောင်းဆိုချက်များနှင့်အညီ ခရီးသွားလာရေး အဆင်ပြေစေရန် စက်တင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
Sep 04, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်းသို့ ငွေပဒေသာပင် ငွေကျပ်သိန်း ၉၀၊ ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံနှင့် နှာခေါင်းစည်းများ လှူဒါန်းပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 04, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်အကူအညီအထောက်ပံ့များ ပေးအပ်လျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က သွားရောက်ခဲ့သည့်ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် တိုက်တွန်းပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် သခွပ်ချောင်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မကြာမီရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူးဒတ္ထဇာတ်တော်” အထူးတင်ဆက်မှုအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်သည်။
Sep 04, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
Sep 04, 2022
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ ယခင်ကဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံအဖြစ်မှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာသည်။ မြန်မာနိုင်ငံ၏ အခြေအနေများအရ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနှင့်တန်းတူ မရပ်တည်နိုင်သေးသော်လည်း သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်သောနိုင်ငံဖြစ်သည်။ မျက်မှောက်ကာလ၌ ပြည်သူများ၏ လူမှုစီးပွားဘဝများတွင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိနေသဖြင့် ပြေလည်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။
Sep 04, 2022
ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးသွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့် ကာလအတွင်း နှစ်နှစ်ကျော်ခန့်ကြာမြင့်အောင် အလုပ်သမားများ စေလွှတ်မှုကို ရပ်နားထားခဲ့ရသည်။ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU စနစ်ဖြင့် ထိုင်းသို့ လုပ်သားစေလွှတ်မှုကို ယခုနှစ်မေလအတွင်း ပြန်လည်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ၏ လုပ်သားပို့ဆောင်မှုများ အရှိန်ရလျက်ရှိသည်။
