Skip to main content

Aug 05, 2021

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်သော ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၂၄)မိနစ်၊ (၄၀)စက္ကန့်အချိန် တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ညောင်ဦးမြို့၏ အနောက်မြောက်ဘက် (၁၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၅)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၇၄)ဒီဂရီ၊ အနက်(၇၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၅)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းနှင့် မင်းဓမ္မလမ်းမီးပွိုင့်အနီး အောင်သပြေရဲရိပ်သာဝင်းအတွင်း၌ ရေစီးရေလာစီမံခန့်ခွဲမှု ဌာနက ဆည်မြောင်း ချောင်းအတွင်းမှအမှိုက်၊ နုန်းနှင့်ဒိုက်များ ဆယ်ယူဆောင်ရွက်နေသည့် လုပ်ငန်း များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

UMFCCI နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်သော အောက်ဆီဂျင်အတွက် အောက်ဆီဂျင်အရည်ကို Tent to Tent ပြောင်းခြင်း၊ အောက်ဆီဂျင် ထုတ်လုပ်သောစက်များ ပြုပြင်ခြင်းနှင့် အောက်ဆီဂျင်ရရှိရေး ပေါင်းကူး ဆောင်ရွက် ခြင်းအပါအဝင် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာမြို့နယ် များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ စုရပ်နေရာများခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများရှိ ပြည်သူများကို ဦးစားပေးအစီအစဉ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ဆေးထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

၂၀၁၉ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာ၊ စာကြည့်တိုက်ပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၂ နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ မိုင်းထောင်ထားခြင်းများ စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀) ၌ တည်ဆောက်နေသည့် အောက်ဆီဂျင် အရည်မှ ဆေးရုံသုံးအောက်ဆီဂျင်ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် ​အောက်ဆီဂျင် စက်ရုံပြီးစီး၍ ယနေ့တွင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၄၀ လုံး စတင်စမ်းသပ် ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

ပြည်ပမှ ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး ၎င်းတို့နေရပ်အသီးသီးသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရေး ပို့ဆောင်ပေးရ မည်ဖြစ်ကြောင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံအမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံအိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၁၁၂ ခုမှ Flow meter ၂၇၃၅ ခု

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသ များမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

လူတစ်ယောက် အသက်ရှင်သန်နေရေးအတွက် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးသည် သူ့တာဝန်နှင့်သူ အရေးကြီးကြသည်။ ထိုအရေး အကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း များတွင် အသက်ရှင်ရေးအတွက် အရေးအပါဆုံး အင်္ဂါအစိတ်အပိုင်းသုံးခုမှာ ဦးနှောက်၊ နှလုံးနှင့် အဆုတ်တို့ဖြစ်သည်။ ထိုသုံးခုတွင် လူ့အသက်ရှင်သန်မှု၊ ရပ်ဆိုင်းမှုအတွက် အဆုတ်ကအဆုံးအဖြတ် ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အလျောက် နိုင်ငံတစ်ဝန်းလုံးတွင် အလေးအနက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များ နှင့်အညီ ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည် များ၊ လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာ သိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မှာကြားထားသလို အနယ်နယ်အရပ်ရပ်ရှိ သက်ကြီးဝါကြီးများ၊ ရဟန်းရှင်လူများအပါအဝင် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေသည့် မြင်ကွင်းများကို မီဒီယာများ၌လည်း တွေ့မြင်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2021

(၃-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၄၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄,၀၅၁) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၀၉,၅၉၀) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၁၅,၁၁၈) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ဥပဒေ (မူကြမ်း) အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအပေါ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်