Jan 01, 2021
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ခြောက်ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်အဖက် တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Jan 01, 2021
နေပြည်တော် ဒီဇင်ဘာ ၃၁
Jan 01, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၅ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံး မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Jan 01, 2021
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ ကလေးငယ် ၂၆၈၈ ဦးခန့် မွေးဖွားလာမည်ဟု UNICEF သတင်းထုတ်ပြန်
Jan 01, 2021
ရန်ကုန် ဒီဇင်ဘာ ၃၁
Jan 01, 2021
နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးခဲ့ပြီး ၂၀၂၁ ဟူသည့် နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်ကို ကြိုဆိုချိန်၌ ပြီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ်တွင် ဖြတ်သန်းခဲ့သည့် အကြောင်းအရာ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာ နှစ်သစ်၌ အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်ရန်အတွက် အနုပညာရှင်များ၏ စိတ်ဓာတ်ခွန်အားပေးသည့် စကားများအပါအဝင် နှစ်သစ်ဆုတောင်းစကားသံများအား စုစည်းဖော်ပြလိုက်ပါသည်။
Jan 01, 2021
မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကားနှင့် ၂၀၂၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
Jan 01, 2021
နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း
Jan 01, 2021
ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း
Jan 01, 2021
၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစတဲ့ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ လိုက်ရပါတယ်။
Jan 01, 2021
ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ -စတင်ကူးပြောင်းရောက်ရှိ သောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန်စတင်သန့်စင်မည့် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။
Jan 01, 2021
နှစ်သစ်ကူးခဲ့ပြီ။ ခရစ်နှစ် ၂ဝ၂ဝ ကို ထားရစ်ခဲ့ကာ ၂၀၂၁ သည် မင်္ဂလာ ရှိစွာ ချင်းနင်းဝင် ရောက်လာပြီ။
Jan 01, 2021
ချစ်ခင်လေးစားရပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများနဲ့ ပြည်ပရောက် နိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Jan 01, 2021
ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Dec 31, 2020
(၃၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၄,၀၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၉၀) ဦး တွေ့ရှိရပါသည်။
Dec 31, 2020
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ သုံးသပ် ချက် အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan -NESP) (2021-2030)ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့်သက်မွေးပညာ ကဏ္ဍများမှ ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ် ကို ယနေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 31, 2020
(၃၀-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးရာတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၅၈၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 31, 2020
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမတွင် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပထမ(၃)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက် အမှာစကားပြော ကြားသည်။
