Skip to main content

Jan 12, 2026

နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် `ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အဓိကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက်ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိပါသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲ လာရောက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သရက်ချောင်းနှင့် အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်စီမံကိန်း 900 KW On-Grid and Off-Grid ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြင်ရေတင်မှ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ပါဝင်မှုနှင့် စွမ်းရည်များမြှင့်တင်နိုင်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum)အခမ်းအနားကို ၁၃-၁-၂၀၂၆ ရက်နေ့ မှ ၁၅-၁-၂၀၂၆ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

​​​​​​​၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲကို ယုံကြည်ချက်အပြည့်ဖြင့် အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

​​​​​​​၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲကို ယုံကြည်ချက်အပြည့်ဖြင့် အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

​​​​​​​၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ လူငယ်များ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနေမှုမြင်ကွင်းများ

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်အဖွဲ့များနှင့် အုပ်ချုပ်သူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ရောက်ရှိကြရာ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက တည်းခိုရာစုရပ်၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်၊၊

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဗဟန်း၊ ဒေါပုံနှင့် ပုဇွန်တောင်မြို့နယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကျင်းပ ရန်ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၀ ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သတ်မှတ်မဲရုံအသီးသီး၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ လာရောက်ဆန္ဒမဲပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ သီရိဟေမာရပ်ကွက်ရှိ မဲရုံ၊ မြစိမ်းရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေးကာ မဲရုံမှူးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သာသနာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလှူငွေများပေးအပ်

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံစဉ် “မြို့အနေဖြင့် သန့်ရှင်းသပ်ရပ်စွာဖြင့် မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်ရသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2026

​​​​​​​လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနာပွဲသို့တက်ရောက်ရန် သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ယခုအခါနယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အဆိုပါတရားရုံးကြားနာပွဲတွင် မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2026

​​​​​​​မေး။ ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်