Skip to main content

Jun 13, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE နှင့်ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမှတ် (၂) တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပေးအပ်လှူဒါန်းသည့် ၂၀၂၂ ခုနှစ်၊ အမျိုးသားစာပေဆု (နိုင်ငံရေး) ဆုရစာအုပ်ဖြစ်သည့် စာရေးဆရာ သက်နိုင်ဦး (ကျည်ကာ) ကလောင်အမည်ဖြင့် ရေးသားထားသော “တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ် လမ်းမြေပုံကျမ်း” စာအုပ် ၄၅၀ ကို လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHO-MVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

​​​​​​​အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများရှိနေရာ စက်သုံးဆီ(ဒီဇယ်ဆီ)အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များ၊ တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့နည်းသက်သာစေရန်အတွက် ဓာတ်မြေဩဇာတင်သွင်းမှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုများအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်၊ ကြိုတင်ဝင်ငွေခွန်တို့နှင့်ပတ်သက်၍ ကင်းလွတ်ခွင့် ကာလကို ထပ်မံတိုးမြှင့်ခွင့်ပြုပေးသည့် ကြေညာချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2026

​​​​​​​ရဟန်းတို့၊ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောစကားသည် ကောင်းစွာ ဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်။ အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။ အဘယ်ငါးမျိုးတို့နည်း ဟူမူ- အခါကာလ အားလျော်စွာ ပြောဆိုအပ်သည်လည်းဖြစ်၏။ မှန်ကန်သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ သိမ်မွေ့သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ အကျိုးစီးပွားနှင့် စပ်သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သည်လည်းဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောစကားသည် ကောင်းစွာဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်၊ အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ဟု မြတ်စွာဘုရားက မိန့်တော်မူခဲ့ကြောင်း အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဝါစာသုတ်၌ ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိတရားမဝင် ၃ ထပ် လူနေအဆောက်အအုံ ၂ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ရန်ကုန်မြို့တွင်ပြုလုပ်သည့် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း (10th Myanmar-Thai Navy to Navy Talks) Naval Operations Department, Office of Policy and Planning Director Rear Admiral Chaksawat Saiwong အဖွဲ့သည် ဇွန် (၉) ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်(၁၀)ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ် စခန်းဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်ကတ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းမှ နိုင်ငံ့သားကောင်းသင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် တောင်သာဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မိုင်းခတ်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်သားပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

The 5th China Media Group Forum သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ဇွန် ၉ ရက် တွင် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာဧည့်သည်များနှင့်အတူ ချုံချင့်မြို့ Shapingba District Digitalized City Operation and Governance Center ကိုလည်းကောင်း၊ Chongqing International Logistics Hub Park ကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာပြီး Yongchuan (ယောင်းချွမ်) မြို့၌ ကျင်းပသော 2026 Chongqing International Animation Film Week ဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင် ဦးဆောင်သော သွားနှင့် ခံတွင်းဆေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၂၅) ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှု ထမ်းများအား သွားနှင့် ခံတွင်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တိုးမြှင့်ခွင့်ပြု

ဆက်လက်ဖတ်ရှုရန်