Skip to main content

Aug 26, 2020

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ်(၂၅)ရက်တွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM)၊ အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့တို့ က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

အာဆီယံခရီးသွားလုပ်ငန်းအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေး (2nd Special Video Conference Meeting of ASEAN Tourism Crisis Communication Team on COVID-19) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့လာသော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဩဂုတ် (၂၈)ရက် ညတွင် ပွဲစဉ်(၄)အဖြစ် စန္ဒရားကိုခင်လှ ၊ စန္ဒရားတင်ကိုကို တေးဂီတ အဖွဲ့နှင့် အတူ တေးသံရှင် ထား၊ ရီရီသန့် ၊ ခင်စိုးဝင်း ၊ စိမ်းလဲ့လဲ့ ၊ သူဇာအောင် ၊ မေသက်ထားဆွေ ၊ တင်ဦးလေး၊ သန်းမြတ်စိုး ၊ မောင်သိန်းဝင်း ၊ကျော်ကျော်ဟန် ၊ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကို တို့ကဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၂၆ရက် နံနက် ၁၀နာရီက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီမှ ရေကြည မြို့နယ်အတွင်း စွန့်လွတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀နာရီက ရေကြည်မြို့၊ ပြည်သူ့ခန်းမတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ စက်ဘီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်တန်ဘိုးဘွားရိပ်သာ ပြည်တန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မန္တလေး သြဂုတ်  ၂၆

မန္တလးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။

COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက အသိပေး ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ (၁၀)မြို့နယ် ဆောင်နှင့် နည်းပညာတက္ကသိုလ်ရှိ Quarantine Centre များတွင် Quarantine ဝင်ရောက် နေသူ များ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ယနေ့နံနက် (၀၉:၃၀) နာရီ တွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

(၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

GOVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်း ဆောင်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျှက်ရှိရာ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်လွဲ(၃)နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်နေထိုင်စရာမလိုဘဲ ဆွေမျိုးမိတ်ဆွေအိမ်များနှင့် ခြေတန်ရှည်အိမ်အမြင့်များတွင် နေထိုင်နိုင်သေးသူ မိသားစုဝင်များအား ဆန်နှင့်စားရိက္ခာများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ရွှေပြည်စိုးသာသနာ့ဗိမ္မာန်တွင် Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2020

ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာကျောင်း များတွင် အားဖြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်