Skip to main content

Dec 02, 2020

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

(၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၆၈၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၁၁) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ (South East Aisan Central Banks) နှင့် အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းငွေကြေး အာဏာပိုင်အဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၅၆) ကြိမ်မြောက် အရှေ့ တောင် အာရှဗဟိုဘဏ်များအဖွဲ့ဂါဗာနာများညီလာခံ (56th SEACEN Governors’ Conference) နှင့် အကြိမ် (၄၀) မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ် အဖွဲ့အစည်း အဝေး (40th SEACEN Board Of Governors Meeting) ယမန်နေ့နံနက် ၉ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၄) ဦးကို ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ် အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို Virtual စနစ်ဖြင့် ယနေ့မွန်းလွဲ(၂) နာရီတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး “၁၉၂၀ မြန်မာနိုင်ငံ လူမှုစီးပွားရေး အခြေအနေ” ခေါင်းစဉ်ဖြင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လည်းကောင်း၊ “၁၉၂၀ မြန်မာ့ နိုင်ငံရေး အခြေအနေ” ခေါင်းစဉ်ဖြင့် စာတည်း ဒေါ်သင်းသင်းဦးက လည်းကောင်း စာတမ်းများ ဖတ်ကြား ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းသည် ယနေ့နံနက်ပိုင်းတွင် Virtual Forum အဖြစ် ကျင်းပခဲ့သည့် တတိယအကြိမ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်‌ကျော် လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အများပြည်သူတို့ သိရှိနိုင်စေရန်အတွက် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးလျက်ရှိရာ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ မဲဆန္ဒရှင် စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးဖြစ်ကြောင်း ထိုအချိန်က ရရှိသည့် သတင်းအပေါ် မူတည်၍ ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

ရန်ကုန်တက္ကသိုလ်သမိုင်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေ သည်မှာ အမျိုးသားနေ့ သမိုင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန် တက္ကသိုလ် ရာပြည့်ကာလတွင် အမျိုးသားနေ့သည်လည်း နှစ်တစ်ရာပြည့်ချေပြီ။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2020

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၅ နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်း ပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

ရန်ကုန်တက္ကသိုလ်ကြီး၏ ကြီးမြတ်သည့် သမိုင်းကြောင်းများနှင့် ကြီးမားသည့် အစဉ် အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန်အတွက် စာပေပညာရှင်၊ ဝါသနာရှင် အသီးသီးက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထုတ်ဖော်ရေးသားခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါသည်။ ရန်ကုန်တက္ကသိုလ် တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများကလည်း အသီးသီးလွမ်းစရာတို့ကို ဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ င

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ၁ တွင် Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်