Aug 10, 2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ စည်သူခမ်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ်ပုံစံ(၇)ပေးအပ်ပွဲအခန်းအနားကိုကျင်းပခဲ့သည်။
Aug 10, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသန့်ဇင်မောင်၊ တိုင်းဒေသကြီးအဆင့် ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့် မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၌ " ပေါ်ဆန်းမွှေး " မျိုးစေ့ထုတ် သမဝါယမ အသင်းသား ၁၀ ဦးနှင့်တွေ့ဆုံပြီး၊ မျိုးသန့် စပါး ၃၀ ဧက စိုက်ပျိုးထားရှိသည်ကို ကြည့်ရှုကြပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
Aug 10, 2020
ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ လှော်ကားကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Plan) ဖြင့် ဆောင်ရွက်သည့် လှော်ကားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Aug 10, 2020
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈ ရွာ တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
Aug 10, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတ ကမ်းနားတာ (အိပ်ပျက်)တွင် တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းနှင့် ဖြတ်တာသစ်တွင် ရေဝင်ရောက်မှုအခြေအနေများ၊ မြစ်ကမ်း ကာကွယ်ခြင်း လုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်းလုပ်ငန်း၊ ကမ်းပြိုကမ်းစားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ထိုင်းနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့
Aug 10, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံမှ အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသား ၈၃ ဦးတို့အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် (၆) ကြိမ်မြောက်အဖြစ် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 10, 2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့က ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးခဲ့သည်။
Aug 10, 2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။
Aug 09, 2020
၁။ (၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 09, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဩဂုတ်လ ၆ ရက် ကိုကိုးကျွန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ပြေးဆွဲနိုင်ရေး လမ်းညွှန်မှာကြားချက်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 09, 2020
မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကဖြစ်သော ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားပြီး အဆင်ပြေချောမွေ့စေရေးအတွက် မကွေးတိုင်း ဒေသကြီး မကွေးတက္ကသိုလ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် မကွေးပညာ့ရိပ်သာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် မကွေးတက္ကသိုလ်ရှိ မကွေး ပညာ့ရိပ်သာ အိမ်ရာဝင်းတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
Aug 09, 2020
မန္တလေးတိုင်းဒသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်သည် ယနေ့နံနက်(၁၀)နာရီကခွဲအချိန်က တံတားဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 09, 2020
ရထားသွားလာမှုနှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေး နှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရာ ၌ အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် အလုံမြို့နယ် အလုံဘူတာ နှင့် ဘုရားလမ်း ဘူတာကြား၌ အလုံရထားလမ်းကူးခုံးကျော် တံတားဟောင်းအားဖျက်သိမ်း၍ တံတားသစ်ဖြင့် အစားထိုး တည်ဆောက်နေရာ ယခုအခါ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် မြေကာနံရံလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
Aug 09, 2020
ကမ္ဘာပေါ်ရှိ အခြေခံပြည်သူအားလုံးတို့သည် စား၊ ဝတ်၊ နေရေး လိုအပ်ချက် အတွက် နိစ္စဓူဝ နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရသည်။ အခြေခံပြည်သူများ အနေဖြင့် စားရေးနှင့် ဝတ်ရေးကို သင့်သလို ဖန်တီးနိုင်သော်လည်း နေရေး အတွက်မူ ခက်ခက်ခဲခဲ စီမံကြရသည်။ နေစရာသည် တန်ဖိုးကြီးသည့် အရာ ဖြစ်၍ ဝင်ငွေနည်းပြည်သူများအဖို့နေရေးအတွက် ရတက်မအေးဖြစ်ကြရသည်။
Aug 09, 2020
နိုင်ငံသားဟူသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေပေါ် တွင် နိုင်ငံတစ်နိုင်ငံဟူ၍ ဖြစ်ပေါ်လာ ရန်မှာ (၁) နိုင်ငံသား၊ (၂) နိုင်ငံပိုင်နက်နယ်နိမိတ်၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာဟူသော အင်္ဂါလေးရပ်လုံးနှင့် ပြည့်စုံရမည် ဖြစ်သည်။ ဤတွင် နိုင်ငံနယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ အုပ်ချုပ်သူအစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာရေးနှင့် အချုပ်အခြာ အာဏာမဆုံးရှုံးစေရေးတို့ အတွက် ကာကွယ်စောင့်ရှောက်သူ၊ တည်ဆောက်ဖွဲ့စည်းသူ၊ ထိန်းသိမ်း သူတို့မှာ နိုင်ငံသူ နိုင်ငံသားများပင် ဖြစ်သည်။
Aug 08, 2020
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၉၆၀ သည် မြဝတီ မြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ယနေ့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Aug 08, 2020
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယမန် နေ့တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၃၁၃ စီး၊ သွင်းကုန် ၄၂၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၃၀၄ စီး ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိသည်။
Aug 08, 2020
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် (CERP)- COVID-19 Economic Relife Plan အရ သင်တန်း(၆)မျိုးကို တစ်နိုင်ငံလုံးတွင် မြို့နယ်(၁၁၈)မြို့နယ်၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ရန် ဝက်မွေးမြူရေး ပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Aug 08, 2020
ယူအေအီးနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာ နိုင်ငံသားများအား မြန်မာသံရုံး ရီယာဒ်မြို့၏ စတုတ္ထမြောက် ကယ်ဆယ်ရေးလေယာဉ်ဖြစ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ခေါ်ဆောင်ခဲ့ရာ ပါကစ္စတန်နိုင်ငံ မြန်မာစစ်သံရုံးမှ တပ်မတော် သား ၁၃ ဦး၊ ဘာရိန်းနိုင်ငံမှ နှစ်ဦး၊ ယူအေအီးနိုင်ငံမှ ၁၀၉ ဦး၊ ကူဝိတ်နိုင်ငံမှ ရှစ်ဦး၊ အီဂျစ်မှ ၁၀ ဦး၊ တူရကီမှ ငါးဦး၊ ဆိုက်ပရပ်စ်မှ နှစ်ဦး၊ ပနားမားမှ တစ်ဦး၊ မော်လဒိုက်မှ ကိုးဦး၊ ဘရာဇီးမှ လေးဦး၊ တောင်အာဖရိကမှ လေးဦး၊ အီတလီမှ နှစ်ဦး၊ အီရန်မှ နှစ်ဦး၊ ဆွစ်ဇာလန်မှ တစ်ဦး၊ ယူဂို ဆလားဗီးယားမှ တစ်ဦး၊ ဂျာမနီမှ တစ်ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၄ ဦးတို့ လိုက်ပါလာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 08, 2020
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ၂၀၁၈ ခုနှစ် ပခုက္ကူစာပေဆု၊ ဝတ္ထုရှည် ပထမဆုရ စာရေးဆရာ “ပင်မြင့်စံ(ရွှေဘို)” ရေးသားသည့် “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” စာအုပ်ကို စာအုပ်အသင်း၏ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များသို့ ဖြန့်ချိ လျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ် အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက် ရှိသည်။
