Skip to main content

Aug 05, 2020

၁။ (၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၆)ဦးတို့အား အဋ္ဌမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ညနေ (၁၆:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၉၄၇၄ စုအတွက် ထောက်ပံ့ငွေကျပ် ၁၈၉၄၈၀၀၀၀ကို တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု အသီးသီးတို့၌ နေအိမ်များ ပြိုကျ/ပျက်စီးမှုများဖြစ်ပွားခဲ့သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရသည် ဩဂုတ်လ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဥာဏ်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဦးစီးမှူးများ၊ မြိတ်မြို့ထုံးဖိုလူငယ်ပရဟိတအဖွဲ့၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်နှင့်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် လေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများထံ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ငွေနှင့်အိမ်ဆောက်ပစ္စည်းများ၊ ဆန်ဖိုးငွေများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

မိသားစုတစ်စု ဘဝရပ်တည်နိုင်ရေးအတွက် အခြေခံကုန်ကျစရိတ်များဖြစ်သော စားဝတ်နေရေး စရိတ်သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စရိတ်များကိုလည်း ကျခံသုံးစွဲရပါသည်။ ထိုအသုံးစရိတ်များအား ကျခံသုံးစွဲနိုင်ရန် မိသားစုအတွက် ပုံမှန်သုံးစွဲသည့်အသုံးစရိတ်နှင့် လိုက်ဖက်ညီသည့်ပုံမှန်ဝင်ငွေရှိရန် လိုအပ်ပါသည်။ အကယ်၍ ထိုမိသားစုအနေဖြင့် ပုံမှန်ဝင်ငွေမရှိခဲ့ပါက ကုန်ကျစရိတ်များအတွက် မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းလေ့ ရှိကြပါသနည်း။ ပုံမှန်ကျင့်သုံးသည့်နည်းလမ်းများမှာ အသုံးစရိတ်ကို ချွေတာသုံးစွဲခြင်း၊ ရင်းနှီးသူများထံမှ အတိုးမဲ့ သို့မဟုတ် အတိုးဖြင့်ချေး ငှားခြင်း၊ မိသားစုပိုင်ပစ္စည်းအချို့ကို ထုခွဲရောင်းချခြင်း စသည့်နည်းလမ်းများဖြင့်သာ ဖြေရှင်းကြမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

နေပြည်တော် ဩဂုတ် ၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံနှစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

ရခိုင်ပြည်နယ်၊ မောင်တော တောင်ဘက်ခြမ်းဒေသတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

လူတိုင်းလူတိုင်း စားသုံးသူများဖြစ်ကြသည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ မိမိတို့စားသောက်မှု၊ ဝတ်ဆင်မှု၊ နေထိုင်မှု၊ ရှင်သန်မှု၊ ပျော်ရွှင်မှု စသည်စသည်တို့အတွက် လိုအပ်သမျှသော ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများတို့ကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်သည် မဟုတ်ရာ ဈေးကွက်တင်ရောင်းချနေသည့် ကုန်စည်များကို ဝယ်ယူစားသောက်သုံး နေကြရသလို မိမိတို့အတွက် လိုအပ်သည့် ဝန်ဆောင်မှု အမျိုးမျိုးတို့ကို လည်းအခကြေးငွေပေး၍ ရယူကြရသည်။ ယင်းသို့ အခကြေးငွေပေးကာ ဝယ်ယူကြရသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ အတွက်လည်း စားသုံးသူအခွင့်အရေး အပြည့်အဝခံစားခွင့်ရှိရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

နိုင်ငံတော်နှင့် ပြည်သူအကြား ဆက်ဆံရေးသည် လွန်စွာအရေးကြီးသည်။ နိုင်ငံတော်သည် ပြည်သူအတွက်၊ ပြည်သူသည် နိုင်ငံတော်အတွက် ဖြစ်နေရမည်။ ထိုသို့ နိုင်ငံတော်နှင့်ပြည်သူ တစ်သားတည်းရှိပါမှ ထိုနိုင်ငံသည် ရှေ့သို့တိုးတက်၍ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်မည်ဖြစ်သည်။ နိုင်ငံ့အရေးအရာကိစ္စများတွင် နိုင်ငံတော်နှင့် ပြည်သူ ပေါင်းစည်း လက်တွဲခြင်းမရှိဘဲ သူ့အလုပ်သူလုပ်၊ သူ့သဘောအလျောက် သူနေကြပါလျှင် ရည်မှန်းရာပန်းတိုင်သို့ ရောက်တော့မည် မဟုတ်ပေ။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား (၃၆) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၂၈) ဦး၊ ပြင်သစ်မှ (၅) ဦး၊ အီဂျစ်မှ (၅) ဦး၊ အင်ဒိုနီးရှား မှ (၃) ဦး၊ ဂျပန်မှ (၃) ဦး၊ နော်ဝေမှ (၃) ဦး၊ ဘလ်ဂျီယံမှ (၂) ဦး၊ အီတလီ မှ (၁) ဦး၊ သင်္ဘောသား (၁၇) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၀၆) ဦး တို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်အမှတ် 8M 802 ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ (၂၀:၀၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

၁။ (၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အစား ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန (၁) နှင့် (၂) တို့၌ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) မှ ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပသော INDO ASEAN Oceanic Business Summit & Expo ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Guest of Honor အဖြစ် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် တွဲဖက်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) နှင့် High Level Dialogue (HLD) တစ်ရပ်ကို ဩဂုတ် ၃ ရက်မှ စတင်၍ Virtual Online Conferencing စနစ်အသုံးပြု၍ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၌ လယ်ယာမြေ ပြုလုပ်ခွင့်လက်မှတ် ပုံစံ(၇) ပြန်လည် ပေးအပ်ခြင်းနှင့် သဘာဝဘေးကြောင့် မိုးနှမ်းသီးနှံထိခိုက်ပျက်စီးသည့် တောင်သူ များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက စောလဖော်မန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

ဩစတြေးလျနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာ နိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများ စုစုပေါင်း ၁၄၁ ဦးအား မြန်မာသံရုံး၊

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသ တွင်း အဆင့်မြင့် ကင်းထောက် ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ (ASEAN Scout Association For Regional Cooperation - ASARC) ကို ဩဂုတ် ၂ ရက်က စင်ကာပူနိုင်ငံ စံတော်ချိန် နံနက် ၁၀ နာရီက ကျင်းပ ရာ (၁၃) ကြိမ်မြောက်

ဆက်လက်ဖတ်ရှုရန်

Aug 04, 2020

ဩဂုတ် ၁ ရက်မှအဆက် ကြည်စိုးထွန်း။ ။ ကောင်း တယ် နော်၊ အစ်မ အဲဒီကားလေးလည်း။ ဒေါ်မေလွင်။ ။ အဲဒီ ကားလေးလည်း လူတော်တော် ကြိုက်ပါ တယ်။

ဆက်လက်ဖတ်ရှုရန်