Skip to main content

Feb 21, 2020

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါး ပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ ကြားသိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development – DFID (UKaid) ၏ External Team of Election Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ယခုကာလတွင် သတ္တလောကကြီးအတွင်းဝယ် လူသတ္တဝါများ ကူးစက် ရောဂါဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။ လူ၌ ကူးစက် တတ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်တားဆီး ကာကွယ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

 

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများက အရေးပါသည်။ ရွေးကောက်ပွဲများကသာလူများစု၏ အဆုံး အဖြတ် ဖြင့် တရားဝင် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် လူထုကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ကမ္ဘာပေါ်တွင်၁၇ရာစုခန့်က စတင်အသုံးပြုခဲ့ပြီး ယနေ့အချိန်ထိ ဤနည်းထက်ပို၍ ကောင်းမွန်သေချာသည့် အခြားနည်းလမ်း မတွေ့ရှိသေး။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတို့တွင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်များကို ဦးဆောင် တာဝန်ယူ အကောင်အထည်ဖော်ရန် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ ရွေးချယ် ကြရ၏။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမပေါ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်သည့် သတင်းကို တွေ့သိရပါသည်။ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည် ဟုလည်း သိရ၏။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄  

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊      မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း သည် ယနေ့တွင် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ကြရာ တံတားရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သစ်သစ်အောင် က တံတားလုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သံပေါင် တပ်ဆင်ခြင်းတွင် နည်းပညာဆိုင်ရာ Erection နည်းစနစ်နှင့် ပတ်သက်၍ ဆုံးဖြတ်အတည်ပြုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း

ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၉

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ‌ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တော်ဝင်စင်တာ၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ရုံးခန်းသို့သွားရောက်ပြီး အသင်းတာဝန် ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် အသင်းတာဝန်ရှိသူများက ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၈ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသ ကြီးရှိ ပဲခူးမြစ်ကူးတံတား အမှတ်(၃)တည်ဆာက်ရေး စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ကြည့်ရှုစစ်ဆေးစဉ် တံတားရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2020

နေပြည်တော် ဖေဖော်ဝါရီ ၃

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2020

နေပြည်တော် ဖေဖော်ဝါရီ ၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်)ဒေါက်တာထွန်းနိုင်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၌ မဂ္ဂါဝပ် ၃၅၀ (LNG to Power) သီလဝါ ဓာတ်အားပေး စက်ရုံ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့်ရေနံ ဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူ များအား၊ ယနေ့ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် BBC Media Action ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်