Skip to main content

Mar 29, 2020

ဗန်းမောက်  မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် COVID - 19 ရောဂါ၊ စောင့်ကြည့်ကြီးကြပ် ​မြို့အဝင်ဂိတ်များအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်းကြီးနှင့် အဖွဲ့ဝင်များက ဗန်းမောက်မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ မြို့အဝင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ မွန်းလွဲ ၄ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2020

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019(COVID-19) နှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်နေ့၊ ညနေ ၆ နာရီအထိ အောက်ဖော်ပြပါအတိုင်း ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ/စက်ကိရိယာများ၊ အစား အသောက်များကို စေတနာထက်သန်စွာဖြင့် လှူဒါန်းမှုပြုခဲ့ကြပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

(မတ်လ ၊ ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ်)

Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကူးစက်ရောဂါဘေး အန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားရှိပြီးဖြစ်သော ဥပဒေများ ကို ပြည်သူများအားလုံးက လိုက်နာကြရန်ပန်ကြားအပ်ပါသည်။

လိုက်နာခြင်းမရှိ သူများအား −

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

၁။      Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍            ၁၀၀ ဘီလီယံ ကျပ် ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ် ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

နေပြည်တော်  မတ်  ၂၈

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်း လင်းပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ရှင်းလင်းပြောကြား

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

၁။ တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020


(၂၈-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

နေပြည်တော် မတ် ၂၈

Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက်  အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

မန္တလေး  မတ် ၂၈

မန္တလေးမြို့ရှိ ဈေးချိုတော်အပါအဝင် ဈေးများအားလုံးရှိ အစားအသောက်နှင့်ဆေးဝါးဆိုင်များမှ လွဲပြီး ကျန်ဈေးဆိုင်များအားလုံး ပိတ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှ သိရသည်။

ဈေးများရှိ စားသောက်ကုန်နှင့် ဆေးဝါးဆိုင်းတွေကို ချန်ပြီး အကုန် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဈေးနှင့်သားသတ်ဌာန ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။ အခြေခံစားသောက်ကုန်နှင့် ဆေးဆိုင်များကိုတော့ ဈေးရုံ၏အပြင်ဘက်တန်းတွင် ရောင်းချနိုင်ရန် ပြင်ဆင်ပေးသွားမည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်