Mar 27, 2020
နေပြည်တော် မတ် ၂၇
COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်နှင့် သတိနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ၊ အသိပညာပေးခြင်းလုပ်ငန်းများကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Mar 27, 2020
လဟယ်၊ မတ်၂၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က နာဂဒေသဦးစီးအဖွဲ့ရုံးအစည်း ဝေးခန်းမ၌ ကျင်းပသည်။
Mar 27, 2020
မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 27, 2020
တီးတိန်၊ မတ် ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး (တီးတိန်မြို့နယ် တာဝန်ခံ) ဦးမန်ဟင်းဒါလ်း၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့်ဌာ ဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက်၁၀ နာရီက ခွာဒိုခန်းမ၌ပြုလုပ်သည်။
Mar 27, 2020
နေပြည်တော်၊ မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာနာ့ ဗိမာန်တော်၌ ကျင်းပကြောင်းသိရသည်။
Mar 27, 2020
မုံရွာ၊ မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 27, 2020
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
Mar 27, 2020
လွိုင်ကော်၊ မတ် ၂၇
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID – 19) နှင့်စပ်လျဉ်း၍ ကယားပြည်နယ်အနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 27, 2020
ရန်ကုန် မတ် ၂၅
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
Mar 26, 2020
အခုလည်း တရားဝင်နိုင်ငံတော်က ကြေညာထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့်အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင်တယ် (တေးသံရှင် ဖြူဖြူကျော်သိန်း)
COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို မတ် ၂၂ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။