Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား နှင့်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
2019 Novel Coronavirus ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် သတင်းထုတ်ပြန်သည်။
Feb 11, 2020
ကျုံပျော် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့နယ် မြို့ချောင်းကျေးရွာ အ.လ.က ရှိ ရွှေနှင့်မြ မင်္ဂလာစာသင်ကျောင်းဆောင်သစ်အား ယနေ့နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ခဲ့သည်။
Feb 11, 2020
မုံရွာ၊ ဖေဖော်ဝါရီ ၁၁
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ ကျောက်တိုက်ကျွန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း သည် ယနေ့တွင် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ကြရာ တံတားရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သစ်သစ်အောင် က တံတားလုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သံပေါင် တပ်ဆင်ခြင်းတွင် နည်းပညာဆိုင်ရာ Erection နည်းစနစ်နှင့် ပတ်သက်၍ ဆုံးဖြတ်အတည်ပြုသည်။
Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 11, 2020
ဘားအံ ဖေဖေါ်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
Feb 11, 2020
မုံရွာ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Stakeholders’ Meeting တွင် အကြိုကျင်းပသော အကျိုးသက်ဆိုင်သူများ အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Feb 11, 2020
မုံရွာ ဖေဖော်ဝါရီ ၁၁
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ ကန်အတွင်း ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။